နှင်းဆီအဖွဲ့ဝင်များနဲ့အတူ ဥရောပနိုင်ငံများကို သွားရောက်လည်ပတ်ခဲ့စဉ်က အမှတ်တရပုံလေးတွေမျှဝေလာတဲ့ နေတိုး
အောင်မြင်မှုမှတ်တိုင်များစွာစိုက်ထူထားပြီး အပိုအလိုမရှိတဲ့အိုက်တင်တွေနဲ့ပရိတ်သတ်တွေကိုဖမ်းစားထားတဲ့ လူပျိုကြီးနေတိုးကတော့ အကယ်ဒမီထူးချွန်ဆုများစွာလည်းသိမ်းပိုက်ထားပါတယ်။အနေအေးသလို မိန်းကလေးပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ်လှုပ်အားပေးခံရတသူတယောက်ဘဲဖြစ်ပါတယ်။အကယ်ဒမီနေတိုးကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားပြီး နှင်းဆီအဖွဲ့နဲ့အတူဖျော်ဖြေရေးအငြိမ့်ပွဲတွေမှာလည်း လူရွှင်တော်အနေနဲ့ ပါဝင်အားဖြည့်ထားပါသေးတယ်။
အနုပညာမှာဘက်စုံတော်ရုံသာမကပဲ အလှူတန်းတွေမှာလည်းအမြဲထိပ်ဆုံးကပါဝင်လှူတန်းတတ်သူလည်းဖြစ်တာကြောင့်ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေတာဆိုလည်းမမှားပါဘူးနော်။စိတ်သဘောထားကောင်းပြီးပရိသတ်တွေအပေါ်မှာလည်းဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်တဲ့ နေတိုးကလူချစ်လူခင်ပေါများနေတာလည်းဖြစ်ပါတယ်။
သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်းအမြဲဖော်ပြလေ့ရှိရာအခုလည်းနှင်းဆီအဖွဲ့သားတွေနဲ့အတူ ဥရောပနိုင်ငံများကိုသွားရောက်လည်ပတ်ခဲ့စဉ်ကအမှတ်တရပုံလေးတွေကိုပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီးကြည်နူးမိကာအပျော်တွေကူးစက်မိတာကြောင့်မျှဝေပေးလိုက်ပါတယ် ။
Source – NayToe