Cele News

ကိုယ်တိုင်ချက်တဲ့ ရခိုင်ချက်ဟင်းလျာတွေကို ကိုနေတိုးကထပ်မံအားပေးခဲ့တာကြောင့် ပျော်ရွှင်ကျေနပ်ကာ သွားရောက်ပို့ပေးခဲ့တဲ့ ဘုန်းလျှံ

ကိုယ်တိုင်ချက်တဲ့ ရခိုင်ချက်ဟင်းလျာတွေကို ကိုနေတိုးကထပ်မံအားပေးခဲ့တာကြောင့် ပျော်ရွှင်ကျေနပ်ကာ သွားရောက်ပို့ပေးခဲ့တဲ့ ဘုန်းလျှံ

မင်းသားချောဘုန်းလျှံကတော့ ဗွီဒီယိုဇာတ်ကားပေါင်းများစွာပါဝင်ရိုတ်ကူးခဲ့ပြီး ပရိတ်သတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိထားတဲ့သူတယောက်ဘဲဖြစ်ပါတယ်။မင်းသားဘုန်းလျှံကတော့အခြေအနေတခုကြောင့် ထောင်ကျခဲ့ပေမဲ့ ကိုယ့်ကိုကိုအကောင်းဆုံးပြင်ဆင်ကာ အခုအချိန်မှာပရဟိတအလုပ်တွေလည်းပါဝင်လုပ်ကိုင်နေသူဖြစ်ပါတယ်။

ဘုန်းလျှံဟာမကြာသေးမီကလည်း သူ့ရဲ့ချစ်သူလေးနဲ့အတူ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးတော့ သာယာကြည်နူးစရာအိမ်ထောင်လေးကိုတည်ထောင်ထားတာဖြစ်ပါတယ်။သူဟာအခုလက်ရှိမှာဆိုရင်လည်းဇနီးချောလေးနဲ့အတူအစားအသောက်တွေရောင်းချနေတာလည်းဖြစ်ပြီးတော့ ငါးပါတူးအပြင် ရခိုင်ကြက်သောက်ဆမ်း၊မျှစ်ချက်၊ရခိုင်ငရုတ်သီးထောင်း၊အချိုပွဲတို့ကိုပါရောင်းချနေတာလည်းဖြစ်ပါတယ်။

ဘုန်းလျှံရောင်းချတဲ့ဟင်းလျာတွေကို ကိုနေတိုးတစ်ယောက်ထပ်မံအားပေးခဲ့တာလည်းဖြစ်ပြီးတော့မကြာသေးမီကလည်းသူရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာကိုနေတိုးအကြိုက်မင်းရခိုင်၊ရခိုင်ကြက်သောက်ဆမ်း၊မျှစ်ချက်၊ရခိုင်ငရုတ်သီးထောင်းတို့စရာနဲ့ အချိုပွဲအားပေးမှုအတွက်ကျေးဇူးတင်လိုက်တာကိုနေတိုး‌ရေ ချစ်သူငယ်ချင်းတွေလဲမှာချင်ရင်ဖုန်းသာဆက်လိုက်ပါနော်ဆိုပြီးရေးသားကာ တင်ပေးလာပါတယ်။ကဲပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Phone Hlyan