Cele News

ထင်မှတ်မထားလောက်အောင် (၃)ရက်အတွင်းမှာ ကား(၃၁)စီး live ကနေရောင်းချနိုင်ခဲ့ ထက်ထက်မိုးဦး

ထင်မှတ်မထားလောက်အောင် (၃)ရက်အတွင်းမှာ ကား(၃၁)စီး live ကနေရောင်းချနိုင်ခဲ့ ထက်ထက်မိုးဦး

အကယ်အမီ ထက်ထက်မိုးဦးကတော့ ပရိတ်သတ်တွေနဲ့ခဏတာအဆက်အသွယ်ပြတ်သွားပြီး အနုပညာလောကထဲပြန်လည်ဝင်ရောက်လာချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုချိန်မှာတော့ ဟိုးတချိန်ကအောင်မြင်မှုတွေပြန်လည်ရရှိလာပြီဘဲဖြစ်ပါတယ်။ထက်ထက်ရဲ့ချစ်ဖို့ကောင်းတဲ့အပြုံးလေးတွေ အပြောလေးတွေကပရိတ်သတ်တွေကိုအချစ်မလျော့သွားအောင်ဆွဲဆောင်နေနိုင်တာဘဲဖြစ်ပါတယ်။

ထက်ထက်မိုးဦးကတော့ တန်ဖိုးကြီးရတနာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို live လွှင့်ပြီးရောင်းချခဲ့ရာ ထက်ထက်ကိုချစ်ခင်သူတွေနဲ့အနုပညာရှင်အချို့ကပါ ဝယ်ယူအားပေးကြတာကိုတွေ့ရပါတယ်။ဒီနေ့မှာထက်ထက်က ၁၉ ရက်နေ့ကကားရောင်းတာ(၁၈)စီးရောင်းရသလိုပဲ။ဒီနေ့ KIA မှာလည်း ထက်ရှိတဲ့အချိန်ထိ ကား ၁၃ စီးရောင်းပေးပြီးသွားပြီ။ထက် Live က ခံစားခွင့်တွေအတိုင်းမနက်ဖြန်ညထိလည်း KIA ကပေးထားပါတယ်။ရတနာတွေတင်အားပေးတာမဟုတ်ပဲကားတွေထိအားပေးကြတဲ့ချစ်ရသူတွေအရမ်းရမ်းချစ်တယ်နော်။ထက်ချစ်ရတဲ့အသက်တွေမနက်ဖြန်ပြန်တွေ့ကြမယ်လို့သူမရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာပရိတ်သတ်တွေကိုအပျော်တွေမျှဝေထားခြင်းဖြစ်ပါတယ်။

ထက်ထက်ကတော့ ဘာရောင်းရောင်းပရိတ်သတ်တွေက သူမကိုချစ်ခင်လို့အမြဲအားပေးကြတာကိုလည်းတွေ့ရပါတယ်။ထက်ထက်ကလည်း ပရိတ်သတ်တွေအတွက် အမြဲတန်ဖိုးထားပြီးချစ်ပေးတဲ့သူတယောက်ပါ။အခုလိုဖက်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်။

Source – Htet Htet Moe Oo