Cele News

မင်းသမီးစလုပ်တဲ့အချိန်ကနေ အိမ်ထောင်ကျပြီးတဲ့အချိန်ထိ ကျိန်စာတိုက်ထားသလိုထင်ရလောက်တဲ့ ဘဝအတွေ့အကြုံတွေမျှဝေလာတဲ့ ပိုးအိအိခန့်

မင်းသမီးစလုပ်တဲ့အချိန်ကနေ အိမ်ထောင်ကျပြီးတဲ့အချိန်ထိ ကျိန်စာတိုက်ထားသလိုထင်ရလောက်တဲ့ ဘဝအတွေ့အကြုံတွေမျှဝေလာတဲ့ ပိုးအိအိခန့်

ပါးဖောင်းဖောင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ ဗွီဒီယိုဇာတ်ကားပေါင်းများစွာပါဝင်ရိုတ်ကူးခဲ့ပြီး ပရိတ်သတ်ရဲ့အားပေးမှုအပြည့်အဝရရှိခဲ့တဲ့သူတယောက်ဘဲဖြစ်ပါတယ်။အခုချိန်မှာတော့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားအောင်သူနဲ့ လက်ထပ်ပြီး ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကိုထူထောင်ထားတာဘဲဖစ်ပါတယ်။ဒါအပြင်ချစ်ဖို့ကောင်းတဲ့သားလေးကိုပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ဒီနေ့မှာတော့ ပိုးအိအိခန့်က သူကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို စနောက်ပြီးမျှဝေလာခဲ့ပါတယ်။

အာ့တာကတော့တွေးမိပြီးကိုယ့်ဘာကိုယ် ရယ်မိလို့ဟာသအနေနဲ့ပြောပြရဦးမယ်ကျွန်မဘဝကို ကံကြမ္မာကြီးကဘာအလုပ်မှမလုပ်ဘဲအေးအေးလူလူထိုင်နေပါလို့များသတ်မှတ်ထားလေသလားမှတ်ရတယ်ပထမဦးဆုံးအနေနဲ့ပြောရရင်အလှပြင်တာမကြိုက်ခေတ်ပေါ်အဝတ်အစားဝတ်တာမကြိုက်ကျောင်းစာ ပညာရေးသာဖိလုပ်စေချင်တဲ့မိဘအောက်က ဆင်းသက်လာတဲ့ကျွန်မကအနုပညာကို အရမ်းဝါသနာပါရူးသွပ်လွန်းလို့မိဘကိုယ်တိုင်လိုက်ရောပြီးထုတ်လုပ်ရေးတိုက်ထောင်ပြီးသမီးလေးကို ဗီဒီယိုကားတွေထုတ်ရိုက်ပေးလိုက်တာ ကိုယ်လည်းလမ်းစပေါ်လေးရောက်မယ်ကြံရော ဗီဒီယိုစျေးကွက်ကြီးပျက်ပါလေရောတစ်ခါနော်။

ဟုတ်ပြီထားတော့အိမ်ထောင်ကျပြီး အဖေကအလုပ်မလုပ်ဘဲထိုင်နေတာမကြိုက်တော့ Traval & Tours Company ထောင်ထားတာကိုသမီးဆက်လုပ်လိုက်ဆိုပြီးလွှဲပေးလိုက်တဲ့အခါမှဒီကကျွန်မကလည်း အပီအပြင်လုပ်ပြီဟေ့ဆိုပြီး ခရီးစဉ်တွေသေချာစဉ်းစား ပထမဦးဆုံးလုပ်မယ့် ကိုယ့်ခရီးစဉ်ကိုလင်မယားနှစ်ယောက် ဓါတ်ပုံဆရာငှါးပြီးသွားရိုက်မယ် blog ပါရိုက်ပြီးတင်မယ်ဆိုပြီး Company page ကိုကိုယ့်အကောင့်မှာ shareလိုက်ပြီးသိပ်မကြာပါဘူးငဗစ်က ဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့စီးပွါးရေးပါထိုးဆင်းဒုက္ခတွေ ရောက်ကုန်ကြရော (တစ်ခါ) မှတ်ထားနော် ၂ ခါရှိပြီ။

ကဲ ခုတစ်ခါ ပထမကိုဗစ်ဖြစ်တော့အိမ်မှာ ထိုင်နေရတာအင်မတန်ပျင်းစရာကောင်းလွန်းလို့အလုပ်တစ်ခုမဟုတ်တစ်ခုတော့ အားမနေရအောင်လုပ်မယ်ဟာဆိုပြီး Live sale စလုပ်လိုက်တာအံမယ် live sale လွှင့်တာလက်တစ်ဖက်ရေစာတောင်မရှိဘူး ခုကိုကို Zuckerberg က liveတွေရဲ့ viewer တွေကို ဘာလုပ်ချလိုက်ပြန်ပလဲမသိပါဘူးကွယ် viewers တွေထိုးကျသွားလိုက်တာအံ့တောင် ဩယူရတယ်ကြားတာတော့အရင်လိုရောင်းချင်တိုင်းရောင်းမရတော့ဘူးဆိုလား( တစ်ခါ)

ကဲ ၃ ခါဆိုတော့ ဒါတိုက်ဆိုင်မှုမဟုတ်တော့ဘူးနောက်ဆုံးမှာ ဒို့စဉ်းစားလိုက်မိတယ် ဒို့ကို ကံကြမ္မာကြီးက အသာလေးထိုင်နေပါဟယ် ညီမဘာအလုပ်မှ မလုပ်ပါနဲ့လို့များကျိန်စာတိုက်ထားလေသလားကွယ်ကျွန်မရဲ့လက်တွေ့ပုံပြင်လေးကတော့ ဒါပါပဲရှင် ပုံပြင်ကအရမ်းဟက်ထိတယ်ကွာမျက်ရည် တစ်စက်ကျသွားတယ် ဆိုပြီးရေးသားလာပါတယ်။ ကဲပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Poe Ei Ei Khant