ဟာသသရုပ်ဆောင် ဦးမိုးဒီ ကိုဗစ်ရောဂါပိုးရှိမရှိစစ်ဆေးခဲ့ရာ Positive အဖြေထွက်
ပြည်သူချစ်ဟာသသရုပ်ဆောင် ဦးမိုးဒီကတော့ ပရိတ်သတ်တွေကိုအမြဲပျော်ရွှင်အောင်ဖန်တီးပေးနိုင်သူတယောက်ပါ။ဗွီဒီယိုဇာတ်ကားပေါင်းများစွာပါဝင်ရိုတ်ကူးခဲ့ပြီး အကယ်ဒမီထူးချွန်ဆုကိုလည်းရရှိထားတဲ့သူတယောက်ပါ။ဒီနေမှာတော့ ဦးမိုးဒီကနေမကောင်းလို့ဆေးစစ်ခဲ့ရာမှာကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို ပရဟိတလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ဝေဠုကျော်ကသူရဲ့ဖေ့ဘုတ်စ်မှာမျှဝေထားပါတယ်။
ဟာသသရုပ်ဆောင်မိုးဒီဟာလွန်ခဲ့တဲ့နှစ်ရက်လောက်ကနေမကောင်းဖြစ်၍ဒီနေ့တွင် ဧရာဝတီစင်တာ၌ရောဂါသွားရောက်စစ်ရာတွင် positive အဖြေထွက်တယ်လို့သိရှိရပါတယ်၊ဟာသ သရုပ်ဆောင်မိုးဒီသည် လက်ရှိတွင်ဆီးချို၊ သွေးတိုး၊နှလုံး ၊ကျောက်ကပ်ရောဂါရှိကြောင်း သိရှိရပါတယ်၊ဟာသသရုပ်ဆောင်မိုးဒီရဲ့ လက်ရှိအခြေအနေမှာအောက်ဆီဂျင်ရှုစရာမလိုဘဲ အသက်ရှုပိုင်းဆိုင်ရာကောင်းမွန်လျက်ရှိကြောင်းလည်းသိရှိရပါတယ်ဆိုပြီးရေးသားဖော်ပြထားပါတယ်။
ဟာသလူရွှင်တော်ဦးမိုးဒီကကျန်းမာရေးအခြေအနေကြောင့်အနုပညာအလုပ်တွေကိုလက်ရှိမှာရပ်နားထားတာကိုတွေ့ရပါတယ်။ကဲပရိသတ်တွေလည်းကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ဟာသလူရွှင်တော်ဦးမိုးဒီကိုကျန်းမာရေးကောင်းမွန်အောင်ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။