Cele News

ကိုဗစ်စင်တာမှာ အောက်စီဂျင်ရှူနေရတဲ့ ဖခင်ဖြစ်သူ ဦးမိုးဒီရဲ့ လက်ရှိကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ ကောင်းစံ

ကိုဗစ်စင်တာမှာ အောက်စီဂျင်ရှူနေရတဲ့ ဖခင်ဖြစ်သူ ဦးမိုးဒီရဲ့ လက်ရှိကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ ကောင်းစံ

ပရိတ်သတ်တွေချစ်ကြတဲ့ ဝါရင့်ဟာသသရုပ်ဆောင် ဦးမိုးဒီကနေမကောင်းလို့ဆေးစစ်ရာမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာဘဲဖြစ်ပါတယ်။လက်တလောမှာ ဧရာဝတီကိုဗစ်ကုသရေးစင်တာမှာတတ်ရောက်ကုသနေတာလည်းဖြစ်ပါတယ်။ဦးမိုးဒီက လက်ရှိမှာဆီးချို၊သွေးတိုး၊နှလုံး၊ကျောက်ကပ်ရောဂါအခံလည်းရှိလို့အနည်းငယ်စိုးရိမ်နေရတာလည်းဖြစ်ပါတယ်။

ဖခင်ဦးမိုးဒီရဲ့လက်ရှိကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး သားဖြစ်သူကောင်းစံကပြောပြလာခဲ့ပါတယ်။ဖေဖေကဒီနေ့၊ ဧရာဝတီကိုဗစ်စင်တာမှာဆေးစစ်လိုက်တာ ကိုဗစ် Postiveဖြစ်သွားတယ်။ဖေဖေကျန်းမာရေးကိုစိတ်မချလို့ကိုယ်တိုင်လိုက်ချင်ပေမယ့်လိုက်လို့မရဘူးဖြစ်နေတယ်။အခုတော့စင်တာမှာအောက်ဆီဂျင်ရူနေရပါတယ်​။ဖေဖေကအိမ်မှာနေတုန်းကမောတယ်။ခြေတွေ၊လက်တွေတုန်ပါတယ်။သူ့ဘာသာမတ်တပ်မရပ်နိုင်တော့ဘူးလို့ပြောလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးကလည်း ဦးမိုးဒီအမြန်ဆုံးသက်သာပြီးနေကောင်းပါစေလိုဆုတောင်းပေးပါဦး။ပရိတ်သတ်ကြီလည်းကိုဗစ်ရောဂါဘေးမှကင်းဝေနိုင်ကြပါစေ။