Cele News

မောင်နဲ့ဓာတ်ပုံရိုက်နေချိန်မှာ သူပါရိုက်ချင်လို့ဆိုပြီးအလိုက်မသိဘဲ ဝင်ရှုပ်တဲ့ချစ်ခင်ပွန်းကို စနောက်လိုက်တဲ့ ကြာစိရဲ့ချစ်ဇနီးလေး

မောင်နဲ့ဓာတ်ပုံရိုက်နေချိန်မှာ သူပါရိုက်ချင်လို့ဆိုပြီးအလိုက်မသိဘဲ ဝင်ရှုပ်တဲ့ချစ်ခင်ပွန်းကို စနောက်လိုက်တဲ့ ကြာစိရဲ့ချစ်ဇနီးလေး

ဖိုက်စတားအဖွဲ့ဝင်လူရွှင်တော် ကြာစိကတော့ ပရိတ်သတ်တွေကိုရီမောပျော်ရွှင်အောင်လုပ်နိုင်တဲ့ ဟာသညဏ်ရွှင်တဲ့သူတယောက်ဖြစ်ပါတယ်။နောက်ပိုင်းမှာလူရွှင်တော်ကြာစိကတော့ဗွီဒီယိုဇာတ်ကားတွေမှာပါဝင်လာသရုပ်လာတာလည်းတွေ့ရပါတယ်။လက်ရှိမှာတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဘဲဖြစ်ပါတယ်။

ကြာစိရဲ့ချစ်ဇနီးလးကလည်းပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသပြီးချစ်ခင်ပွန်းရဲ့အနုပညာအလုပ်တွေကိုဘေးကနေကူညီပေးပါတယ်နော်။ကြာစိတို့ဇနီးမောင်နှံမှာချစ်စရာသမီးလေးတစ်ယောက်လည်းရှိလို့သူတို့ရဲ့မိသားစုဘဝလေးကစိုစိုပြေပြေဖြစ်ပါတယ်။ကြာစိကလည်းချစ်ဇနီးနဲ့သမီးလေးအပေါ်မှာလိုလေသေးမရှိအောင်ဂရုစိုက်ကြင်နာပေးတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။

ကြာစိတို့ဇနီးမောင်နှံကအေးအတူပူအမျှနဲ့ ချစ်ချစ်ခင်ခင်ရှိပြီးအမြဲပျော်ရွှင်နေကြတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။အခုဆိုရင်တော့ကြာစိရဲ့ချစ်ဇနီးလေးက ရန်အောင်၊နေတိုးတို့ဓာတ်ပုံအတူတူတွဲရိုက်ထားပြီးတစ်ပုံက မီးရဲ့ကိုကိုနဲ့၊တစ်ပုံက မီးရဲ့မောင်နဲ့ ဪ မောင်နဲ့ပုံမှာဟိုအင်္ကျီအကွက်လေးနဲ့တစ်‌ယောက်က မီးတို့နဲ့ဓာတ်ပုံရိုက်ချင်လို့ပါဆိုလို့လေအလိုက်မသိတဲ့အရှုပ် ဟွင်းဆိုကာ ချစ်ခင်ပွန်းကိုစနောက်ကျီစယ်ထားတာဖြစ်ပါတယ်နော်။ခရစ်ဒစ်