ONE Championship T-shirt နဲ့ Face mask များရောင်းချပြီး ဝေဘာဂီဆေးရုံရှိ ကိုဗစ်လူနာများကိုလှူဒါန်းသွားမယ့် အောင်လအာန်ဆိုင်း
မြန်မာပရိတ်သတ်တွေအတွက် ဝမ်းနည်းဖွယ်ရာညလို့ဆိုရမဲ့ စင်ကာပူနိုင်ငံမှာပြိုင်ဘက်နယ်သာလန်နိုင်ငံသားနဲ့ယှဥ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲစဥ်မှာ မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကပွဲစချိန်မိနစ်ပိုင်းအတွင်းမှာဘဲရှုံးနိမ့်ခဲ့ရပါတယ်။မြန်မာပရိတ်သတ်တွေစိတ်မကောင်းဖြစ်ခဲ့ရပေမဲ့ အောင်လကိုဆက်ပြီးအားပေးနေဆဲဖြစ်ပါတယ်။အောင်လကလည်း မြန်မာပရိတ်သတ်တွေအတွက် ချန်ပီယံခါးပတ်ကိုပြန်ယူမယ်လို့ကတိပေးထားပါတယ်။
လတ်တလောမှာတော့ ONE Championship အထူးသီးသန့် T-shirt နဲ့ Face mask များကို Myanmar Plazaရှိ MK Fashion Shopတွင်ရောင်းချလျက်ရှိတယ်လို့သိရပြီး လိုင်းပေါ်ကမှာယူလိုတွေအနေနဲ့ မှာယူလို့ရတဲ့အကြောင်းကို အောင်လအာန်ဆိုင်းကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ်။ရောင်းရငွေရဲ့ ၁၀ရာခိုင်နှုန်းကိုဝေဘာဂီဆေးရုံရှိကိုဗစ်လူနာများအတွက်လှူဒါန်းသွားမှာဖြစ်တယ်လို့လည်းရေးသားဖော်ပြခဲ့ပါတယ် ။
ဒါကြောင့်ယခုလိုအချိန်မှာသင့်အတွက်သေးငယ်တဲ့လုပ်ဆောင်ချက်တစ်ခုဟာတစ်စုံတစ်ယောက်အတွက်တော့ကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်သွားနိုင်ပါတယ်ဆိုတဲ့စာသားလေးနဲ့လည်း ဝယ်ယူအားပေးခြင်းဖြင့်ကိုဗစ်ရောဂါသည်တွေကိုကူညီရာရောက်ကြောင်းကိုပရိသတ်တွေကိုအသိပေးဖော်ပြခဲ့တာပဲဖြစ်ပါတယ်။
Source – Aung La Nsang