ကိုဗစ်ကာလအတွင်း ပရိသတ်ကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ကြတဲ့အနုပညာရှင်များ
(၁) ဦးဇင်းကိတ္ထိသာရ
ခေတ်တစ်ခေတ်ရဲ့အအောင်မြင်ခဲ့ဆုံးမင်းသားတစ်လက်လို့ဆိုရမယ့်သဘာဝမင်းသားကြီးကျော်ဟိန်းကတော့အနုပညာလောကမှာဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့သူဖြစ်ပေမယ့်သံသရာအရေးအတွက်(၂၀၀၈) ခုနှစ်ကစပြီးဘုန်းကြီးဝတ်နဲ့တရားအားထုတ်ခဲ့သူပါ။ကျော်ဟိန်းဟာဦးဇင်းကိတ္ထိသာရဘဝနဲ့သက်တော်(၇၃)နှစ်မှာပဲသြစတေးလျနိုင်ငံ၊ ကမ်ဘာရာမြို့မှာပျံလွန်တော်မူခဲ့တာဖြစ်ပြီး တူဖြစ်သူဒွေးကွယ်လွန်တဲ့နေ့ (၁၃)နှစ်တိတိပြည့်တဲ့နေ့မှာတိုက်တိုက်ဆိုင်ဆိုင်နှုတ်ဆက်သွားခဲ့တာပါ။
(၂) ဟာသသရုပ်ဆောင်မန်းဝင်
နှစ်ပေါင်းများစွာဟာသလူရွှင်တော်၊ဟာသသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်ရဲ့ဘဝအမောတွေဖြေဖျောက်ပေးခဲ့တဲ့ ဦးမန်းဝင်းကတော့ (၂၀၂၀) နှစ်ဦးပိုင်းလောက်ကတည်းကရုတ်တရက်နှလုံးရပ်ကာဆေးရုံတင်ခဲ့ရတဲ့အထိကျန်းမာရေးအခြေအနေချို့ယွင်းခဲ့တာဖြစ်ပြီးဇူလိုင်လ(၁၃)ရက်နေ့မနက်မှာတော့ပရိသတ်ကိုအပြီးအပိုင်နှုတ်ဆက်ထွက်ခွာခဲ့တာဖြစ်ပါတယ်။
(၃) မီးမီးခဲ
နှစ်ပေါင်းများစွာပရိသတ်ပါးစပ်ဖျားမှာရေပန်းစားတဲ့သီချင်းများစွာကိုသီဆိုခဲ့သူမီးမီးခဲကတော့ကင်ဆာရောဂါကို နှစ်ရှည်လများစွာခံစားခဲ့ရသူဖြစ်ပြီး အောက်တိုဘာလ(၁၆)ရက်နေ့မှာပဲသူနေထိုင်ရာသြစတေးလျနိုင်ငံမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။မကွယ်လွန်ခင်နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ တစ်ကိုယ်တော်ရှိုးပွဲတစ်ပွဲ ပြုလုပ်နိုင်ခဲ့ပါတယ်။
(၄) တေးသံရှင်ရန်ပိုင်စိုး
မြန်မာသံတေးသီချင်းအဆိုတော်တစ်ယောက်ဖြစ်သူ ရန်ပိုင်စိုးကတော့ ဆိုကြမယ်ပျော်ကြမယ်အစီအစဉ်ကနေတဆင့်ပရိသတ်နဲ့ရင်းနှီးမှုရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် မင်္ဂလာအခမ်းအနားမှူး၊ အစီအစဉ်မှူးတစ်ယောက်အဖြစ်နဲ့ နှစ်ပေါင်းများစွာ ပရိသတ်နဲ့ထိတွေ့ခဲ့သူတစ်ယောက်ပါ။ကိုဗစ်ဒုတိယလှိုင်းမှာပဲပိုးကူးစက်ခံခဲ့ရပြီးပြီးခဲ့တဲ့အောက်တိုဘာ(၂၁) ရက်နေ့က ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။
(၄) ဦးကြည်စိုး(IC)
သရုပ်ဆောင်ဦးကြည်စိုးကတော့မြန်မာရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားတွေမှာ ဆရာဝန်၊လုပ်ငန်းရှင် စတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်နဲ့ရင်းနှီးခဲ့သူတစ်ယောက်ပါ။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပြီး ပြီးခဲ့တဲ့အောက်တိုဘာလ(၃၀) ရက်နေ့သူ့အသက်(၇၂) နှစ်မှာပဲဆုံးပါးသွားခဲ့တာပါ။
(၅) ဂျာရစ်
ဂျာရစ်ကတော့ နေထူးနိုင်ရဲ့ ဇာတ်ကားတွေမှာ အများဆုံးတွေ့ရသလို ဂျာရစ်မရှိတော့တာကတော့ နေထူးနိုင်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်စေခဲ့မှာအမှန်ပါပဲ။ သူကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ(၇) ရက်နေ့မှာပဲ အသည်းရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး စိတ်ကောင်းရှိပြီး အများကိုကူညီတတ်သူတစ်ယောက်မို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်ပါ များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
Credit – Cele Gabar