ပရိသတ်တွေမချီးကျူးပဲမနေနိုင်တဲ့အထိ Snare အဖွဲ့အပေါ် ယုံယုံကြည်ကြည်နဲ့အခွေထုတ်မြေတောင် မြှောက်ပေးခဲ့တဲ့ စိုင်းစိုင်း
ဆယ်စုနှစ်တခုကြာအောင်မြင်မှုတွေထိမ်းသိမ်းလာနိုင်ခဲ့တဲ့ အဆိုတော်စိုင်းစိုင်းကတော့ ယနေ့အချိန်ထိပရိတ်သတ်တွေတခဲနက်အားပေးနေတုန်းဘဲဖြစ်ပါတယ်။အမိုက်စားသီချင်းတွေနဲ့ ပရိတ်သတ်တွေရင်ဘတ်ထဲရောက်အောင်သီဆိုနိုင်ပြီး နှာခမ်းနီမလေးတွေအသည်းစွဲအားပေးကြတာလည်းတွေ့ရပါတယ်။ဒီနေ့မှာတော့စိုင်းစိုင်းက snare အဖွဲ့နဲ့ပတ်သတ်ပြီးအမှတ်တရလေးတွေပြောပြလာပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကနေဝင်းကိုပထမဆုံးတွေ့ဖူးတာကStrand Hotel ပွဲတစ်ခုရဲ့အနောက်ဘက်လှေကားမှာကျွန်တော့်ကိုဘုကြည့်ကြည့်နေတာပဲ သူတော့မှတ်မိမယ်မထင်ဘူး။ဖြိုးလေးကိုတော့ မိုးမိုးရဲ့ဧရာဝတီလမ်းအိမ်မှာသူတို့မုံရွာသား Rapper ဆိုပြီးမိတ်ဆက်ပေးတာ။နောက်တော့ ကျနော်သရုပ်ဆောင်တဲ့သိကြားမင်း.comရုပ်ရှင်ရိုက်ကွင်းမှာ Snare တဖွဲ့လုံးနဲ့စပြီးခင်ပါတယ် ဇာတ်ကားမှာRapper ပေါက်စတွေအဖြစ်နဲ့ ကျော်သူစိုးကတဆင့်လာရောက်ပါဝင်ကူညီပေးတာပါ။အဲလိုနဲ့ပဲတစ်ရက်တော့လူငယ်လေးလေးယောက်ကျနော့်အိမ်ကိုအခွေထုတ်ကြမယ်ဆိုပြီးရောက်လာကြတယ်။နောက်တော့လည်းမျောသွားပြန်ရော။
နောက်တစ်ခေါက်ပြန်ဆုံတော့တောင်ပေါ်ဘုရားပွဲတစ်ခုမှာစောညီညီသီချင်းဆိုမှာကို Backing ဆိုပေးဖို့လိုက်တာတာတဲ့။တစ်ပတ်လောက်နေတော့ Snareမှာနှစ်ယောက်တည်းရှိတော့တဲ့အကြောင်းနဲ့အခွေပြန်လုပ်မယ့်အကြောင်းပြောကြတယ်။ အဲ့အချိန်တုန်းကကျနော်လည်းအဆင်ပြေမနေဘူးဒါပေမဲ့ကျနော်ရိုးရိုးလေးစဉ်းစားတာဒီကောင်တွေအရင်ကတည်းကတဘက်သားလိုအပ်ရင် ဘာအထာမှမရှိဘဲကူညီတတ်တာပြီးတော့ Backingဆိုရဖို့အတွက်တောင်ဒီလောက်အပင်ပန်းခံလိုက်ဆိုနေတာနောက်အရေးအကြီးဆုံးက သူတို့ဖန်တီးတဲ့ Music ကိုသိပ်ကြိုက်တယ်ငါနဲ့ စိတ်တူကိုယ်တူလက်တွဲကြမယ်ကွာဆိုပြီးတော့။ အဲလိုနဲ့ 2010 မှာ Snare debut Rap Game အခွေ Frenzo Production ကနေထွက်လာပါတယ်။
ပွဲရှင်ကလည်းအခွေမထွက်မချင်းမငှါးဘူးဗျ အေးလေသူကပွဲသွင်းပါတယ်ဆိုမှနာမည်မရသေးရင်ဘယ်ငှါးမလဲကျနော်လည်းစင်ပေါ်မှာ Snareကိုမိတ်ဆက်ဖို့လိုတယ်ပေါ့ မင်းတို့ထဲငါ Featuring ဝင်ဆိုမယ်ဒါဆိုအတူတူဆိုလို့ရပြီပေါ့အဲဒါ ဒိန်းဂျားသီချင်းပေါ့။အဲဒီကစပြီး ညီအစ်ကိုလိုဆိုးတိုင်ပင်ကောင်းတိုင်ပင်ပေါင်းလာတာအခု Rap Game ၁၀နှစ်ပြည့်ပြီတဲ့။ Rap Game ၁၀ နှစ်ပြည့်ပွဲလည်းလုပ်မယ်တဲ့။Hip Hop Virtual Concert တဲ့။ဒီလ ၂၉ / ၃၀ Facebook မှာပြမှာတဲ့။လုပ်ကွာသားရီးတို့ မိုက်တယ်ချဆိုပြီး Snare အဖွဲ့ရဲ့အမှတ်တရတွေကို ပြောလာပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ Snare အဖွဲ့နဲ့ အမှတ်တရတွေကိုသာ ပြောပြခဲ့တာဆိုပေမယ့် ပရိသတ်တွေကတော့ စိုင်းစိုင်းပြောတဲ့အထဲမှာ နာမည်မရသေးတဲ့ ဂျူနီယာအဆိုတော်လေးတွေအပေါ် မြေတောင်မြှောက်ပေးချင်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ စိတ်ဓာတ်ကို လေးစားနေကြတာပဲ ဖြစ်ပါတယ်။
Credit