Cele News

ချို့တဲ့ပင်ပန်းနေတဲ့ကလေးတွေကို တွေ့တိုင်း ငယ်ငယ်က မပြည့်စုံခဲ့တဲ့ ဘဝလေးကို ပြန်မြင်ယောင်မိတာကြောင့် သူစိမ်းတွေလို မခံစားရဘူးဆိုတဲ့ ဖြူဖြူထွေး

ချို့တဲ့ပင်ပန်းနေတဲ့ကလေးတွေကို တွေ့တိုင်း ငယ်ငယ်က မပြည့်စုံခဲ့တဲ့ ဘဝလေးကို ပြန်မြင်ယောင်မိတာကြောင့် သူစိမ်းတွေလို မခံစားရဘူးဆိုတဲ့ ဖြူဖြူထွေး

အကဗီဒီယိုလေးတွေကနေ ပရိတ်သတ်တွေစတင်သတိထားမိလာတဲ့ဆယ်လီဖြူဖြူထွေးကတော့ အခုချိန်မှာအရမ်းအောင်မြင်နေပြီဘဲဖြစ်ပါတယ်။နေ့စဥ်ကြောငြာဗွီဒီယိုတွေပုံမှန်ရိုတ်နေရတာကြောင့်အခုဆိုရင် ကိုယ်ကိုင်ကား၊ကိုယ်ပိုင်အိမ်အစရှိတာတွေကိုပိုင်ဆိုင်လာပြီးမြင်သူတိုင်းအားကျရတဲ့ဆယ်လီတယောက်ဖြစ်လာခဲ့ပါပြီ။ဖြူဖြူထွေးရဲ့ရိုးသားပြီးချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိတ်သတ်တွေကပိုပြီးချစ်ခင်အားပေးနေတာဘဲဖြစ်ပါတယ်။

ပစ္စည်းဥစ္စာကြွယ်ဝလာတာနဲ့အမျှ သူမရရှိတဲ့ ပိုက်ဆံလေးတွေနဲ့အလှူအတန်းတွေကို မကြာခဏဆိုသလိုပြုလုပ်လေ့ရှိတဲ့ဖြူဖြူထွေးကတော့သူမကိုယ်တိုင်ခက်ခဲချို့တဲ့တဲ့ဘဝက လာခဲ့သူမို့အလှူကြီးကြီးဖြစ်ဖြစ်သေးသေးဖြစ်ဖြစ် နေ့စဉ်နေ့တိုင်းလုပ်ကိုင်နေလျက်ရှိပါတယ်။

ဖြူဖြူထွေးက အထူးသဖြင့်ချို့တဲ့ပင်ပန်းနေတဲ့ကလေးတွေကိုတွေ့တိုင်း ငယ်ငယ်ကမပြည့်စုံခဲ့တဲ့ဘဝလေးကို ပြန်မြင်ယောင်မိတာကြောင့်သူတို့ဘဝလေးတွေနဲ့ငယ်ငယ်က ဖြူဖြူထွေးဘဝလေးနဲ့ကမောင်နှမတွေလိုပါပဲတွေ့တိုင်း သူစိမ်းတွေလိုမခံစားရဘူးဆိုပြီး သူမရဲ့ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းပြောလာပါတယ်။

ဖြူဖြူထွေးကတော့သူမရဲ့ကုသိုလ်ကံကြောင့် ကျောင်းကပွဲဗီဒီယိုလေးနေတဆင့်အခုဆိုရင် နိုင်ငံကျော်ဆယ်လီကြီးတစ်ယောက်ဖြစ်လာတယ်ဆိုပေမယ့်ဘဝမေ့မသွားတဲ့အချက်လေးကတော့ လေးစားဖွယ်ရာ စိတ်ဓာတ်လေးပါပဲ။

စိတ်ထားလှတဲ့ ဖြူဖြူထွေးတစ်ယောက် ဒီထက်မက အလှူအတန်းတွေကို ပြုလုပ်နိုင်ပြီး အများအကျိုးသယ်ပိုးနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source – Phyu Phyu Htwe