Cele News

(၅)နှစ်ကျော်လက်တွဲလာခဲ့တဲ့ ချစ်သူနိုင်ငံခြားသားနဲ့ ရွှေလက်တွဲ လက်ထပ်လိုက်ပြီဖြစ်တဲ့ အမွန်း

(၅)နှစ်ကျော်လက်တွဲလာခဲ့တဲ့ ချစ်သူနိုင်ငံခြားသားနဲ့ ရွှေလက်တွဲ လက်ထပ်လိုက်ပြီဖြစ်တဲ့ အမွန်း

အမိုက်စားသီချင်းမြူးမြူးလေးတွေကိုသီဆိုတတ်ပြီး ကိုယ်ပိုင်စတိုင်လေးလှ​နေတဲ့အဆိုတော်အမွန်းကတော့ လူငယ်ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိထားတဲ့သူတယော​က်ပါ။အမွန်းက​တော့သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးပွင့်ပွင့်လင်းလင်းချပြထားတဲ့သူတယောက်ပါ။

အမွန်းရဲ့ချစ်သူကတော့တိုင်းတစ်ပါးသားဖြစ်ပေမယ့်အမွန်းကိုအရမ်းချစ်ပြီးမိသားစုရဲ့ဓလေ့ရိုးရာအစဉ်အလာကိုလေးစားစွာလိုက်နာတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့(၂၀၁၉) ခုနှစ်၊သြဂုတ်လအတွင်းက ချစ်သူသက်တမ်း (၄)နှစ်ပြည့်နေ့မှာလက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့အမွန်းကတော့(၂၀၂၀)နှစ်ကုန်ပိုင်းမှာလက်ထပ်မယ်လို့ ပွင့်ပွင့်လင်းလင်းပြောထားတာပဲဖြစ်ပါတယ်။

ပြောထားတဲ့အတိုင်းပဲ ဒီကနေ့ နိုဝင်ဘာလ(၃၀)ရက်နေ့မှာတော့ အမွန်းကဘုရားကျောင်းမှာမင်္ဂလာဆောင်ခဲ့တဲ့ သူမတို့ ချစ်သူနှစ်ယောက်ရဲ့ဓာတ်ပုံတွေကိုချပြပြီး နှစ်ဦးသဘောတူလက်ထပ်ခဲ့ပြီဖြစ်ကြောင်းပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။

အမွန်းကတော့လူမျိုးခြင်းမတူညီပေမယ့် နှလုံးသားချင်းထပ်တူကျတဲ့ချစ်သူလေးနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းအိမ်ထောင်ရှင်ဖြစ်သွားပြီဖြစ်တဲ့ အမွန်းအတွက်ဝမ်းသာဂုဏ်ပြုစကားလေးပြောခဲ့ကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source – Ah Moon