Cele News

ဝင်ငွေကောင်းတဲ့ခင်ပွန်းကို ပိုင်ဆိုင်ထားပေမယ့် စိန်တွေရွှေတွေဝယ်ပေးပါဆိုတာထက် အလှူလေးတွေလုပ်ဖို့ပဲ ပူဆာတတ်ကြောင်းပြောလာတဲ့ ပိုးအိအိခန့်

ဝင်ငွေကောင်းတဲ့ခင်ပွန်းကို ပိုင်ဆိုင်ထားပေမယ့် စိန်တွေရွှေတွေဝယ်ပေးပါဆိုတာထက် အလှူလေးတွေလုပ်ဖို့ပဲ ပူဆာတတ်ကြောင်းပြောလာတဲ့ ပိုးအိအိခန့်

ပရိတ်သတ်တွေချစ်ခင်အားပေးကြတဲ့မင်းသမီးချောလေးပိုးအိအိခန့်ကတော့ ဗွီဒီယိုဇာတ်ကားပေါင်းများစွာပါဝင်ရိုတ်ကူးခဲ့ပြီးအောင်မြင်နေတာလည်းဖြစ်ပါတယ်။ပိုးအိအိခန့်ကတော့ နိုင်ငံဂုဏ်ဆောင်လက်ရွေးစင်ကစားသမားအောင်သူနဲ့ဖူးစာစုံမက်ပြီးပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်နေပြီဘဲဖြစ်ပါတယ်။

ဇနီးမောင်နှံနှစ်ယောက်စလုံး ဝင်ငွေကောင်းကြပေမယ့် ပကာသနဆိုတာထက်ကုသိုလ်ရေးကိုသာပိုမိုအာရုံစိုက်ဖြစ်တဲ့ ပိုးအိအိခန့်က ဝင်ငွေကောင်းတဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားပေမယ့် စိန်တွေရွှေတွေဝယ်ပေးပါဆိုတာထက် အလှူလေးတွေလုပ်ဖို့ပဲဆန္ဒရှိတဲ့အကြောင်းကိုအလှူတစ်ခု ပြီးမြောက်တိုင်းမှာကျေးဇူးတင်မိတာက ဒီကမ္ဘာလောကကြီးအပေါ်မှာလူတစ်လုံးသူတစ်လုံးဖြစ်လာအောင်ရယ်လူဖြစ်သည့်အလျောက် သူတစ်ပါးဆီကရယူလိုစိတ်ထက် သူတစ်ပါးအပေါ် ပေးချင်ကမ်းချင်စိတ်မျိုးရှိအောင်ပဲ သွင်သင်ဆုံးမပဲ့ပြင်ပေးခဲ့တဲ့မိဘနှစ်ပါးကို ပထမဦးဆုံးကျေးဇူးတင်မိတယ်။

ဒုတိယကျေးဇူးတင်မိတာကတော့ခင်ပွန်းကိုပါ။ကိုယ်ကဘယ်လောက်ပဲလှူချင်ချင်အနောက်ကနေမပံ့ပိုးပေးဘူးဖြစ်ချင်တာကိုလိုက်မလုပ်ပေးဘူးဆိုရင်လည်းစိတ်သွားတိုင်းကိုယ်မပါနိုင်ပါဘူး။

ကျွန်မလည်းယောကျာ်းကိုပူဆာတိုင်းစိန်တွေရွှေတွေ ဝယ်ပေးပါဆိုတာထက်ဟိုဟာလေးလှူချင်တယ် ဒီမှာလည်းလှူလိုက်မယ်နော်ဆိုတာမျိုးကပိုများပါတယ်။အဲ့လို လှူချင်တိုင်းသဒ္ဒါစိတ်ဖြစ်တိုင်းမှာဖောင်းသဘော၊ဖောင်းလှူလေဆိုတာပဲပြောခဲ့တဲ့ခင်ပွန်းကိုလည်းကျေးဇူးတင်မိတယ်။

အလှူတွေလှူပြီးတိုင်းရင်ထဲမှာဆုတောင်းမိတာက အမြဲ ဒီလို လှူနိုင် တန်းနိုင် ပေးနိုင် ကမ်းနိုင်တဲ့ သူမျိုးပဲဖြစ်ပါရစေ ဆိုတဲ့ဆုတောင်းလေးပဲထပ်တောင်းမိတယ်။ကျွန်မသူဋ္ဌေးကြီးမဟုတ်ပါဘူး။ချမ်းလည်းမချမ်းသာဘူး။ဒါပေမယ့်ရှိသလောက်ကိုလှူချင်နေတဲ့စေတနာလေးတော့ချမ်းသာတယ်ဆိုပြီးသူမရဲ့ပီတိလေးကိုပြောပြလာပါတယ်။

ပိုးအိအိခန့်ကတော့သူမကိုလိုလေသေးမရှိ ပြီးပြည့်စုံအောင်ထားတဲ့မိဘနှစ်ပါးနဲ့ ဖြစ်ချင်တာမှန်သမျှကို ဖြည့်ဆည်းပေးတတ်တဲ့ခင်ပွန်းကြောင့်လက်ရှိဘဝလေးကိုကျေနပ်နေရတာပဲ ဖြစ်ပါတယ်။ ။ပိုးအိအိခန့်တစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒလေးတွေပြည့်ဝပြီးဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Crd.