Cele News

မိန်းမတွေရဲ့ ရစ်တတ်တဲ့သဘောသဘာဝကို ဟာသအမြင်လေးကြည့်ရမယ့် ပြေတီဦး၊ ခန့်စည်သူ၊ စမိုင်းလ်၊ သင်ဇာဝင့်ကျော်တို့ရဲ့မသိဘူးရစ်မယ်ရုပ်ရှင် Trailer

မိန်းမတွေရဲ့ ရစ်တတ်တဲ့သဘောသဘာဝကို ဟာသအမြင်လေးကြည့်ရမယ့် ပြေတီဦး၊ ခန့်စည်သူ၊ စမိုင်းလ်၊ သင်ဇာဝင့်ကျော်တို့ရဲ့မသိဘူးရစ်မယ်ရုပ်ရှင် Trailer


ပရိသတ်တွေချစ်တဲ့သရုပ်ဆောင် စမိုင်းလ်က သူမရဲ့ နာမည်နဲ့ Smile အွန်လိုင်းရုပ်ရှင်ရုံဆိုပြီး လုပ်ငန်းသစ်တည်ထောင်ခဲ့ပြီး ဖုန်းတစ်လုံးနဲ့ ရုပ်ရှင်တွေကြည့်လို့ရအောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

စမိုင်းလ်ရဲ့ Smile အွန်လိုင်းရုပ်ရှင်ရုံမှာဂယက်တွေပါဟယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပွဲဦးထွက်ပြသခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်းစမိုင်းလ်ကသူမရဲ့ Smile အွန်လိုင်းရုပ်ရှင်ရုံကဒုတိယမြောက်ဇာတ်ကားနဲ့ မိတ်ဆက်ပေးလာပါတယ်။ဇာတ်ကားနာမည်ကမသိဘူးရစ်မယ် ဖြစ်ပြီးထိုဇာတ်ကားထဲမှာခန့်စည်သူ၊ပြေတီဦး၊ညီထွဋ်ခေါင်၊စမိုင်းလ်၊ ထွန်းအိနြ္ဒာဗိုလ်၊သင်ဇာဝင့်ကျော်တို့ပါဝင်ပြီး

အမျိုးသမီးတို့ရဲ့ရစ်တတ်တဲ့သဘောသဘာဝကိုဟာသနဲ့ ဒရမ်မာရောနှောပြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက်မသိဘူးရစ်မယ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer လေးကိုမျှဝေပေးလိုက်ပါတယ်နော်။


မသိဘူးရစ်မယ်ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရောဂါဆိုးသတင်းတွေကြောင့်စိတ်ပင်ပန်းနေတဲ့ ပရိသတ်တွေအတွက်ခတ္တခဏတော့ဘဝအမောပြောသွားမယ်သေချာပါတယ်။

ပရိသတ်ကြီးလည်းမသိဘူးရစ်မယ်ရုပ်ရှင်ဇာတ်ကားကြီးကို Smile အွန်လိုင်းရုပ်ရှင်ရုံမှာကြည့်ရှုလို့ရနိုင်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source – Smile