Cele News

လူတချို့ရဲ့ဝေဖန် စော်ကားမှုကိုခံရလို့ ကြိုးစားခဲ့ပြီး အကယ်ဒမီရခဲ့တဲ့ သူဘဝအကြောင်းပြောပြလာတဲ့ ထွန်းထွန်း

လူတချို့ရဲ့ဝေဖန် စော်ကားမှုကိုခံရလို့ ကြိုးစားခဲ့ပြီး အကယ်ဒမီရခဲ့တဲ့ သူဘဝအကြောင်းပြောပြလာတဲ့ ထွန်းထွန်း

လူငယ်ပရိတ်သတ်တွေအားပေးချစ်ခင်ကြတဲ့အဆိုတော်ထွန်းထွန်းကတော့ ဂီတလမ်းကြောင်းပေါ်မှာသာက အနုပညာနယ်ပယ်မှာလည်းအောင်မြင်နေတဲ့တယောက်ဖြစ်ပါတယ်။ဒီနေ့မှာတော့ ထွန်းထွန်းကသူဖြတ်သန်းခဲ့တဲ့ဘဝအတွေ့အကြုံတွေကိုရင်ဖွင့်လာခဲ့ပါတယ်။


မိတ်ဆွေတို့ကျွန်တော် ထွန်းထွန်းအသက် ၁၆-၁၇ ကတည်းက EXAMPLEZ မှာသီချင်းတွေဆိုခဲ့သီချင်းရေးခဲ့တယ် ၂၀၀၀-၁ ပေါ့ အခုဆို ဘာလိုလိုနဲ့ ဒီအနုပညာလောကထဲမှာ အနိမ့်အမြင့်အတက်အကျပုံစံမျိုးစုံဘဝမျိူးစုံနဲ့ အနှစ်၂၀ ကျင်လည်ခဲ့တယ်။

အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကြောင့်သာကျွန်တော်ရပ်တည်နေနိုင်တာဖြစ်သလိုကျွန်တော့်ကိုယုံကြည်မှုရှိပေးကြတဲ့ Production တွေ Producerတွေနဲ့ အမြဲတမ်းကူညီစောင့်ရှောက်ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့်လည်းဖြစ်ပါတယ်။ရုပ်ရှင်လောကထဲစဝင် ဦးကျော်ဟိန်းဆီရောက်တော့လည်း တချို့တွေက သီချင်းပဲဆိုစမ်းပါ လိုင်းကြောင်ပြန်ပီဆိုတာမကြားတကြားပြောတာတွေနာမည်တပ်ဒဲ့ စော်ကားခံရတာတွေကြားထဲကနေ စိတ်ပိုင်းဖြတ်ပြီးကြိုးစားလေ့လာခဲ့ရတယ်(ခုထိသင်ယူကြိုးစားနေဆဲပါပဲ)

ခင်ဗျားတို့အထင်မကြီးတဲ့ Rap ဆိုတဲ့ချာတိတ်တကောင်အနေနဲ့ ပထမဆုံးအကယ်ဒမီရတဲ့သူဖြစ်လာဖို့ရည်မှန်းချက်ထားခဲ့တယ်ကြိုးစားခဲ့တယ်ရခဲ့တယ်။ဒါကလည်း ကျွန်တော်တယောက်တည်းတော်နေတတ်နေလို့လုံးဝ(လုံးဝ) မဟုတ်ပါဘူး ဆရာကောင်းလုပ်ဖော်ကိုင်ဖက်ကောင်း Team Workကောင်းလွန်းလို့ ကျွန်တော်ကမြှောက်စားခြင်းခံခဲ့ရတာပါ။

မိတ်ဆွေတို့ရေဘဝရဲ့မှတ်တိုင်တွေမှာ အမြဲတမ်းအနားမှာရှိနေပေးနိုင်တာမိသားစုပါအခုဆိုရင် ကျွန်တော့်ကိုနှင်းဆီ(အငြိမ့်)မိသားစုရဲ့သားတစ်ယောက်လို့မြင်နေပေးကြပါပြီနှင်းဆီအဖွဲ့ကကျွန်တော့်အတွက်မိသားစုကြီးဆိုရင် EXAMPLEZ ကကျွန်တော့်ရဲ့ပထမဆုံးမိသားစုလေးပါပဲဒီကောင်တွေ နဲ့အတူတူလူလားမြှောက်လာကြတယ်ဝါသနာကိုအရင်းတည်ပြီး ဖြစ်ချင်တာတွေကို လုပ်ခဲ့ကြတယ်၊ရန်ဖြစ်တယ်၊စကားများတယ်၊ ပြန်ခေါ်တယ်၊ထပ်ကောက်တယ်၊ ပြသနာတွေတူတူဖြေရှုင်းကြတယ်၊ ခရီးတွေ အများကြီးတူတူထွက်ခဲ့ကြတယ်၊ ဖေးမခဲ့ကြတယ်၊ မိတ်ဆွေတို့ရေEXAMPLEZ ကို ချစ်တဲ့ ပရိတ်သတ်တွေအတွက်အခုဆိုအနှစ်၂၀ 20YearsOfExamplez_Music_live ပွဲကြီးကို ရည်မှန်းထားတဲ့အတိုင်းစီစဉ်ခဲ့နိုင်ပါပြီလာမယ့် December ၄ ရက်နေ့ ည ၇နာရီမှာကျွန်တော်တို့တွေသီချင်းတွေဆိုပြပါမယ်။

ကျွန်တော်တို့ရဲ့ ပရိသတ်တွေ မသိသေးတဲ့အကြောင်းလေးတွေကို ရင်းရင်းနှီးနှိးပြောပြချင်ပါတယ။ဒါကြောင့် EXAMPLEZ ပရိသတ်တွေ အချိန်လေးပေးပြီး ကြည့်ဖို့ လေးနက်စွာဖိတ်ခေါ်ပါတယ်။လာရောက်စိတ်အမောတချို့ဖြေဖျောက်ကြပါဗျာဆိုပြီး ရေးသားထားပါတယ်။