Cele News

ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူအချင်းချင်း ကူညီစောင့်ရှောက်ပေးရင်း ဦးမိုးဒီရဲ့ လက်ရှိကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ နေလင်း

ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူအချင်းချင်း ကူညီစောင့်ရှောက်ပေးရင်း ဦးမိုးဒီရဲ့လက်ရှိကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ နေလင်း

ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ နေလင်းကတော့ ဘယ်လိုဇာတ်ကားမျိုးမှာမဆိုအကောင်းဆုံးသရုပ်ဆောင်တတ်သူပါ။မကြာသေးခင်က ကိုဗစ်ရောဂါပိုးကူးစက်ခံရတာကြောင့် ဧရာဝတီစင်တာဆေးကုသမှုခံယူနေရလည်းဖြစ်ပါတယ်။နေလင်းကလက်တလောမှာကျန်းမာရေးကောင်းမွန်တာကြောင့် ကိုဗစ်ရောဂါဖြစ်သူနေအချင်းချင်းဖေးမကူညီပေးနေတာလည်းဖြစ်ပါတယ်။

နေလင်းကတော့ယခုအချိန်ထိကျန်မားရေးကောင်းကောင်းမွန်မွန်ရှိနေပြီး သူ့ရဲ့နေ့စဥ်လှုပ်ရှားမှုတွေကိုလည်းပရိသတ်တွေကိုအမြဲဖော်ပြပေးပါတယ်။ဒါ့အပြင်ဟာသလူရွှင်တော်ဦးမိုးဒီကလည်းကိုဗစ်ရောဂါပိုးကူးစက်ခံထားရတာကြောင့်ဧရာဝတီကိုဗစ်စင်တာမှာဆေးကုသနေတာဖြစ်ပါတယ်။ယခုမှာတော့နေလင်းကပရိသတ်တွေအတွက်ကြည်နူးဝမ်းသာစရာကောင်းတဲ့ဦးမိုးဒီရဲ့ကျန်းမာရေးအခြေအနေလေးကိုပြောပြလာခဲ့ပါတယ်။

ဦးမိုးဒီကိုလည်း သားဖြစ်သူကောင်းဇံကဧရာဝတီကိုဗစ်စင်တာကိုလိုက်ပြီးပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။နေလင်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာလည်းလေးလေးမိုးဒီရဲ့ ကျန်းမာရေးအခြေနေတိုးတက်ကောင်းမွန်ကြောင်းနဲ့သားဖြစ်သူကောင်းဇံမှအနီးကပ်ပြုစုပေးလျက်ရှိကြောင်းဆိုပြီးရေးသားဖော်ပြထားပါတယ်။ ပရိသတ်ကြီးလည်းကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့ ဦးမိုးဒီနဲ့နေလင်းတို့ကို ကျန်းမာရေးကောင်းမွန်အောင်ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။

Zawgyi Version




Credit to Original