Cele News

ချစ်ရတဲ့မင်းသမီးလေး ဝတ်မှုံရွှေရည်နဲ့တွဲဖက်ပြီး အကယ်ဒမီရှော့ဇာတ်ဝင်ခန်းလေး သရုပ်ဆောင်ခဲ့တဲ့ သန္တာဗိုလ်ရဲ့ဗွီဒီယို

ချစ်ရတဲ့မင်းသမီးလေး ဝတ်မှုံရွှေရည်နဲ့တွဲဖက်ပြီး အကယ်ဒမီရှော့ဇာတ်ဝင်ခန်းလေး သရုပ်ဆောင်ခဲ့တဲ့ သန္တာဗိုလ်ရဲ့ဗွီဒီယို

သန္တာဗိုလ်ကမော်ဒယ်လောကမှာထိပ်ဆုံးက ရပ်တည်နေသူတစ်ဦးဖြစ်ပြီးသရုပ်ဆောင်တစ်ယောက်အဖြစ်လည်းပရိသတ်တွေအားပေးခြင်းကို ခံရသူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါ့အပြင် သန္တာဗိုလ်ကသူမနဲ့သရုပ်ဆောင်ကောင်းပြည့်ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေစိတ်ဝင်စားကြတာပဲဖြစ်ပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုတွေနည်းပါးနေသေးချိန်မှာတော့ဓာတ်ပုံလေးတွေ Tik Tok ဗီဒီယိုလေးတွေနဲ့ပရိသတ်တွေအတွက်တင်ဆက်ပေးနေတဲ့သန္တာဗိုလ်ကဒီတစ်ခေါက်မှာတော့ထူးထူးခြားခြားဗီဒီယိုလေးကိုတင်ဆက်ပေးလာပါတယ်။


သန္တာဗိုလ်ကချစ်ရတဲ့မင်းသမီးချောလေး ဝတ်မှုံရွှေရည်နဲ့အတူတူ တွဲဖက်ပြီးရန်သူရုပ်ရှင်ဇာတ်ကားကြီးထဲကအကယ်ဒမီရှော့ဇာတ်ဝင်ခန်းလေးသရုပ်ဆောင်ခဲ့ပုံကိုအခုလိုပဲပြသလာပါတယ်။

သန္တာဗိုလ်ကတော့တကယ့်အကယ်ဒမီရှော့ဇာတ်ဝင်ခန်းကိုစက္ကန့်ပိုင်းလောက်လေးသရုပ်ဆောင်ပြသွားတာအရမ်းကိုမိုက်တာပဲနော်။ပရိသတ်ကြီးလည်းသန္တာဗိုလ်ရဲ့သရုပ်ဆောက်ချက်ကိုကြည့်ပြီး အံသြမှင်သက်နေကြမယ်ထင်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit to Original