မြန်မာအကကို ပထမဆုံးသင်ဖူးတာဆိုပေမယ့်အကောင်းဆုံးဖျော်ဖြေခဲ့တဲ့သဇင်ထူးမြင့်
ပရိသတ်ကြီးရေ သဲလို့ချစ်စနိုးခေါ်ကြတဲ့ဦးခင်လှိုင်ရဲ့သမီး သဇင်ထူးမြင့်ကတော့အနုပညာလောကထဲကိုဝင်ရောက်လာတာမကြာသေးပေမဲ့အရည်အချင်းရှိတဲ့လူငယ်တယောက်ဖြစ်ပါတယ်။သဇင်ထူးမြင့်ကတော့မာလာမြိုင်မိုးရာသီသဘင်ပွဲတော်အငြိမ့်အဖွဲ့မှာဟန်ဇာမိုးဝင်း၊တင်မောင်ဆန်းမင်းဝင်းတို့နဲ့အတူဝင်ရောက်ကပြဖျော်ဖြေခဲ့ပါတယ်။
သူမအတွက်တကယ့်ကိုမှအမှတ်တရဖြစ်ရတဲ့ညလေး ဖြစ်ခဲ့သလိုတစ်ခါမှမြန်မာအကမသင်ခဲ့ဖူးပေမယ့်အစ်ကိုအမတွေကိုချစ်တဲ့စိတ်သက်သက်နဲ့ကိုဝင်ကဖြစ်ခဲ့တာလို့လည်းပရိသတ်တွေကိုပြောပြခဲ့ပါတယ်။
သဲတို့ဆိုးပေပြီးတည်းကပေါင်းတဲ့ဂရုလေးကအရမ်းချစ်ဖို့ကောင်းတယ်အသက်ရွယ်တွေမတူပဲမိသားစုလိုအမြဲသွားအတူလာအတူစားအတူဖြစ်နေကြတာအားလုံးလည်းသတိထားမိကြမှာပါ။
ခုလိုပွဲကြီးမှာသဲကိုပါဝင်ကပြဖို့ဖိတ်ကြားတဲ့တွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့စာသားလေးနဲ့အတူ သူမ ဖျော်ဖြေကပြခဲ့တဲ့ညကအမှတ်တရပုံရိပ်လေးတွေကိုပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပြီးပရိသတ်တွေကလည်းသူမရဲ့အကလေးကိုသဘောကျကြောင်းမှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။
သဲကလည်းနောက်ဆိုဒီထပ်ပိုကောင်းအောင်ကြိုးစားပါ့မယ်။သင်ထားတဲ့အပုဒ်အပြင်ရုတ်တရက်ကြီးတွေအသစ်တွေကခိုင်းပြီးဆေးထိုးကြတဲ့အကိုနှစ်ယောက်ကိုလည်းသမီးဘက်ကပြန်ဆေးထိုးဖို့ပြင်ထားပါပြီနော်ဆိုတဲ့စာသားလေးနဲ့အတူသူမကိုဆေးထိုးတဲ့အစ်ကိုနှစ်ယောက်ကိုလည်းပြန်လည်အရွှန်းဖောက်စနောက်ထားပါသေးတယ်။
Credit