Cele News

ပြင်းထန်လာတဲ့ ထွန်းထွန်းမင်းနဲ့ ဒေ့ဗ် တို့ရဲ့ လူမှုကွန်ယက်ပေါ်က အပြန်အလှန်စကားထိုးစစ်ဆင်မှုများ

ပြင်းထန်လာတဲ့ ထွန်းထွန်းမင်းနဲ့ ဒေ့ဗ် တို့ရဲ့ လူမှုကွန်ယက်ပေါ်က အပြန်အလှန်စကားထိုးစစ်ဆင်မှုများ

မြန်မနိုင်ငံရဲ့လက်ဝှေ့အကျော်အမော်များဖြစ်တဲ့ ထွန်းထွန်းမင်းနဲ့ဒေ့စ်တို့ကတော့လူမှုကွန်ယက်ပေါ်မှာအပြန်အလှန်စကားထိုးစစ်ဆင်မှုများပြုလုပ်လာတာတွေ့ရပါတယ်။အင်တာဗျူးတခုမှထွန်းထွန်းမင်းက အရှုံးအနိုင်မပေါ်မချင်းယှဥ်ပြိုင်ထိုးသတ်ဖို့ ဒေ့စ်ကိုစိန်ခေါ်လိုက်တာကြောင့်မြန်မာ့လက်ဝှေ့ချန်ပီယံဒေ့စ်ကလည်းလူရဲ့လူမှုကွန်ရက်စာမျက်နှာကနေအခုလိုပြန်လည်တုံပြန်ပြောဆိုထားပါတယ်။


​ဒေ့စ်ကကျွန်တော့်ရဲ့အင်တာဗျူးတွေတိုင်းမှာ ခင်ဗျားကိုကျွန်တော်လေးစားတယ်လို့အမြဲဖြေခဲ့ တယ်။ကျွန်တော်တို့ယှဉ်ထိုးခဲ့ကြတဲ့ ၃ ခါအရတော့ခင်ဗျားကအမာဆုံးကစားသမားပါ။ကျွန်တော်တို့နောက်ဆုံးပွဲတုန်းကပထမဆုံးအချီ ကတည်းကကျွန်တော့်ရွှေတံတောင်နဲ့အလဲသိပ်လိုက်လို့ခင်ဗျားကိုအချိန်စေ့တဲ့အထိမနည်းနှိုးလိုက်ရတယ်လေ။ကျွန်တော်တို့နောက်ဆုံးပွဲကတည်းကကျွန်တော်ကခင်ဗျားထက်သာတာ အသိသာကြီးပါ။


အဲဒါနဲ့များအခုဘာလို့ထပ်ထိုးချင်နေရတာလဲ။နောက်တစ်ခါကျွန်တော့်နာမည်ကိုထုတ်မပြောခင်ချန်ပီယံမဟုတ်သေးတဲ့အသက်(၂၀)အရွယ် ရွှေရာမာန်ကိုပဲအရင်နိုင်အောင်လုပ်လိုက်ဦးနော်။လွယ်လွယ်လေးအနိုင် ရသင့်ပေမယ့်သူ့ကိုတောင်ခင်ဗျားအလဲထိုးနိုင်မယ်မထင်ဘူး။အဲဒီကလေးကကျွန်တော့်ကိုတစ်ချီတောင်တောင့်မခံနိုင်တဲ့ကလေးပါ။

ကျွန်တော်ကလက်ဝှေ့မှာသက်လုံအတွက်ရှယ်ကျင့်ထားပြီးသားပါ။အဲဒီတော့အလဲထိုးချင်တယ်ဆိုရင်ခင်ဗျား သုံးချီလောက်နဲ့ဟောဟဲ ဆိုက်နေမယ့်အချိန်မှာကျွန်တော်ကအချီ(၂၀)လောက်ကိုချွေးမထွက်ဘဲသွားလို့ရတယ်နော်ဆိုပြီးမြန်မာ့လက်ဝှေ့ချန်ပီယံဒေ့စ်ကထွန်းထွန်းမင်းကိုတုံ့ပြန်ပြောဆိုထားပါတယ်။


ထွန်းထွန်းမင်းကလည်းငါလဲပြိုင်ဘက်​ပေါ်လေးစားမှုအပြည့်ရှိပါတယ်။ငါနဲ့မင်းမပြီးသေးတဲ့ရိုးရာလက်ဝှေ့ရဲ့ပဝါမကူ​ရေ မရှူပဲနဲ့မင်းပြောတဲ့အတိုင်းအချီ၂၀ဆိုလဲငါ့ဘက်ကအဆင်သင့်ပဲ။ငါတို့ ၂ ​ယောက်ပြောနေမယ့်အစားလက်တွေ့ကြိုးဝိုင်းပေါ် မှာပရိသတ်တွေကိုသက်သေပြကြ တာပေါ့။ငါဘက်ကအဆင်သင့်ပဲဆိုပြီး ထွန်းထွန်းမင်းကလည်းပြန်လည်ချေပပြောဆိုလိုက်ပါတယ်။


ပရိသတ်တွေကသူတို့နှစ်ယောက်ရဲ့ပွဲလဲ ဖြစ်လာနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ပွဲဖြစ်လာခဲ့ရင် ပရိတ်သတ်ကြီးကရော ဘယ်သူကိုအားပေးမယ်ဆိုကော်မန့်မှာရေးပေးခဲ့ပါဦး။

Credit to Original