Cele News

ကိုဗစ်ရောဂါပိုး ကင်းစင်သွားပေမယ့် ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူရဦးမယ့် ဦးမိုးဒီ

ကိုဗစ်ရောဂါပိုး ကင်းစင်သွားပေမယ့် ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူရဦးမယ့် ဦးမိုးဒီ

လူရွှင်တော်ကြီး ဦးမိုးဒီကတော့ ကိုဗစ်ရောဂါ ကင်းစင်သွားပေမယ့် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူရဦးမယ် ဆိုပြီးတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။ ပရိသတ်တွေကိုဟာဒယရွှင်ဆေးအမြဲတိုက်ကျွေးလေ့ရှိတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီကတော့ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် ဧရာဝတီကွာရန်တင်းစင်တာမှာဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။

ဒီဇင်ဘာလ (၁၂) ရက်နေ့ ဆိုရင်တော့ ကွာရန်တင်းကနေ အိမ်ပြန်ရမှာဖြစ်ပေမယ့် သူ့ရဲ့ကျန်းမာရေး အခြေအနေအရ SSC ဆေး ရုံမှာ ဆေးကုသမှု ခံယူသွားရမယ်လို့ သိရပါတယ်။ဘဘအခု ကွာရန်တင်းဝင်နေရတာ(၂၁)ရက်ရှိပါပြီ။ဒီနေ့တော့ဘဘရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဧရာဝတီစင်တာမှာရှိတဲ့ဆရာဝန်ကြီးတွေပါမောက္ခကြီးတွေနဲ့ဆွေးနွေးကြတော့မနက်ဖြန်ကိုကွာရန်တင်းထွက်တဲ့။ပြီးရင်ဒီကနေပြီးတော့ ရောဂါပိုးကင်းစင်စစ်ဆေးပြီးကြောင်းလက်မှတ် ထုတ်ပေးမယ်။အဲဒီလက်မှတ်နဲ့ SSC ဆေးရုံကို ဆက်တက်ရမှာပါ။

နဂိုကတည်းကဘဘမှာနှလုံးသွေးကြောကျဉ်းတာတွေရှိတယ်။ကျောက်ကပ်အားနည်းတာလည်းရှိတယ်၊သည်းခြေကျောက်တည်တာ၊ အသည်းမှာအဆီဖုံးတာဒီရောဂါတွေရှိတဲ့အတွက် SSC မှာဘဘကဆေးရုံဆက်တက်ရဖို့ ရှိတယ်။သူတို့ဆေးရုံမှာထားပြီးဆေးကုပေးမလား။


ဒါမှမဟုတ်အိမ်မှာပဲအပြင်လူနာအဖြစ်ကုပေးမလားဆိုတာသေချာမသိသေးဘူး။ဘဘကို လောလောဆယ်တစ်ပတ်စာဆေးပေးထားတယ်။တေအဲဒီဆေးတွေကုန်မှဆေးရုံတက်ခိုင်းမလားလည်းသေချာမသိဘူးလို့ ဦးမိုးဒီကပြောပြလာပါတယ်။

ဦးမိုးဒီရဲ့ကျန်းမာရေးအခြေအနေကိုသိတဲ့ ပရိသတ်တွေကလည်းကျန်းမာရေးပြန်ကောင်းလာဖို့လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဆုတောင်းစကားတွေပြောထားကြပါတယ်။ ဆေးဖိုးဝါးခတွေလည်းကူညီထောက်ပံ့ပေးကြတယ်လို့ဦးမိုးဒီကပြောပါတယ်။

ဘဘကိုပရိသတ်တွေကစိုးရိမ်လားမစိုးရိမ်လားဆိုတာဆေးဖိုးဝါးခတွေလည်းထောက်ပံ့ပေးကြတယ်။ဂရုစိုက်ဖို့ကိုလည်းအရမ်းမှာကြတယ်။ ကျန်းမာရေးလည်းပြန်ကောင်းချင်ပြီ။ပြီးရင်ဘဘလည်းအငြိမ့်လေး(၂) ခု၊(၃)ခုလောက် ရိုက်ဖို့ရှိတယ်။ရင်ထဲမှာရှိတဲ့ခံစားချက်တွေနဲ့ ပြည်သူရဲ့ အချစ်ကိုရယူချင်သေးတယ်။ဒါလေးတော့ ရိုက်ခွင့်ပေးစေချင်ပါတယ်လို့လည်းဆက်လက်ပြောပြလာပါတယ်။

Source – Duwun