Cele News

မိဘအကူအညီမပါပဲ ကိုယ်ပိုင်ရှာဖွေထားတဲ့ အနုပညာကြေးလေးတွေနဲ့ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအတွက်အလှူလုပ်ခဲ့တဲ့ မေလသံစဉ်

မိဘအကူအညီမပါပဲ ကိုယ်ပိုင်ရှာဖွေထားတဲ့ အနုပညာကြေးလေးတွေနဲ့ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအတွက်အလှူလုပ်ခဲ့တဲ့ မေလသံစဉ်

ကြည်လင်ပြတ်သားတဲ့အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကိုသီဆိုတတ်တဲ့ မေလသံစဥ်ကတော့ ငယ်ငယ်လေးကတည်းက ဂီတကိုဝါသနာပါပြီး ကိုယ်တိုင်စန္ဒယားတီးကာ cover songတွေကိုသီဆိုရင်းလူသိများလာခဲ့တာလည်းဖြစ်ပါတယ်။အခုချိန်မှာတော့ အနုပညာအလုပ်ကိုပိုမိုအချိန်ပေးပြီး ကိုယ်ပိုင်အယ်ဘမ်ထွက်နိုင်တဲ့အထိအောင်မြင်နေတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့မေလသံစဉ်ကအွန်လိုင်းမှာ Liveလွှင့်ဈေးရောင်းပြီးရရှိသမျှအနုပညာကြေးတွေကိုလှူဒါန်းဖြစ်နေတာပဲဖြစ်ပါတယ်။


မနေ့ကဒီဇင်ဘာလ(၁၀)ရက်နေ့မှာတော့မေလသံစဉ်ကသူမရရှိထားတဲ့အနုပညာကြေးလေးတွေအလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်းကို အရှေ့ဒဂုံကိုဗစ်ကာကွယ်ထိန်းချုပ်စောင့်ရှောက်ရေးနှင့်ကူညီထောက်ပံ့ရေးကော်မတီအတွက် PPEဝတ်စုံများ၊လက်အိတ်များ၊ဆေးဖျန်းပုံးဆေးရည်နဲ့ Mask များစုစုပေါင်း၅သိန်း (၅)ထောင်ကျပ်ဖိုးလှူဒါန်းခဲ့ပါသည်အားလုံးပဲမေလအမြဲမှာနေကျစကားလေးကျန်းမာရေးဂရုစိုက်ကြပါနော်ဆိုပြီးသူမရဲ့ကုသိုလ်လေးကိုပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့မျှဝေပေးထားတာပဲဖြစ်ပါတယ်။


မေလသံစဉ်ကတော့အသက်နှစ်ဆယ်မပြည့်သေးခင်အရွယ်ကတည်းကကိုယ့်အရည်အချင်းနဲ့ကိုယ်ပိုက်ဆံရှာဖွေနိုင်ခဲ့ပြီးသူမရှာဖွေလို့ရသမျှငွေကြေးတွေကိုလည်းကောင်းတဲ့နေရာတွေမှာအသုံးချတတ်သူတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်ကြီးလည်းမေလရဲ့ကုသိုလ်လေးကိုဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။


Zawgyi Version





Credit to original