Cele News

ရွှေ FM ကနေ ပရိသတ်တောင်းဆိုမှုအများဆုံးတေးသံရှင်ဆုကိုရရှိခဲ့တဲ့ ဘင်ဂျမင်ဆုမ်းနဲ့ ချမ်မြေ့မောင်ချို

ရွှေ FM ကနေ ပရိသတ်တောင်းဆိုမှုအများဆုံးတေးသံရှင်ဆုကိုရရှိခဲ့တဲ့ ဘင်ဂျမင်ဆုမ်းနဲ့ ချမ်မြေ့မောင်ချို

Myanmar Idol Season 4 မှာဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ဘန်ဂျမင်ကတော့ပြိုင်ပွဲနောက်ဆုံးဆင့်အထိကို တက်လှမ်းနိုင်ခဲ့သူပါ။ ဒီပြိုင်ပွဲကနေတဆင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ဘန်ဂျမင်ကတော့ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ ချင်းတိုင်းရင်းသားလေးဖြစ်ပါတယ်။လက်ရှိမှာတော့ဖျော်ဖြေပွဲတွေသီဆိုနေရပြီလို့သိရပါတယ်။ ဒါအပြင် ချမ်းမြေ့မောင်ချိုကတော့ Myanmar idol (Season 3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့သူလေး ဖြစ်ပါတယ်။


၂၀၁၉- ၂၀၂၀ ခုနှစ်အတွက် Shwe FM ဖေ့စ်ဘွတ်ပေ့ချ်ကနေပရိသတ်တောင်းဆိုမှုအများဆုံး အမျိုးသားတေးသံရှင်ဆုကိုအဆိုတော် Benjamin Sumရရှိခဲ့သလိုအမျိုးသမီး တေးသံရှင်ဆုကို ချမ်းမြေ့မောင်ချိုကရရှိခဲ့ပါတယ်။ဘင်ဂျမင်ဆုမ်းကတော့ပြန်တွေ့ရမယ့်ရက်သီချင်းနဲ့ ဆုရခဲ့သလို ချမ်းမြေ့မောင်ချိုက loser သီချင်းနဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။


ဘင်ဂျမင်ဆုမ်းကကျွန်တော်ဒီသီချင်းလေးနဲ့ဆုရတဲ့အတွက်လည်းအရမ်းလည်းပျော်တယ် သီချင်းရေးပေးတဲ့တေးရေးဆရာကိုလည်း ကျေးဇူးတင်ပါတယ်။သီချင်းတီးခတ်ပေးတဲ့ ဆရာတွေကိုလည်းကျေးဇူးတင်သလိုပရိသတ်တွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ သူကပြောပါတယ်။


အဆိုတော် Benjamin Sum လိုပဲ တစ်နှစ်တာလုံးအတွက် ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပရိသတ်တောင်းဆိုမှုအများဆုံးအမျိုးသမီးတေးသံရှင်ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုကလည်းအခုလိုပီတိစကားသံလေးတွေ ဝေမျှထားပါသေးတယ်။


ဘာပြောရမှန်းတောင်မသိတော့ပါဘူး။ကျေးဇူးအများကြီးတင်ပါတယ် milestones ။Shwe FM လဲကျေးဇူးတင်ပါတယ် ။ဒီသီချင်းလေးကိုလက်ဆောင်ပေးခဲ့တဲ့ ကိုဟဲလေး ကိုလဲကျေးဇူးအရမ်းတင်ပါတယ်ဗျာ ။ဆက်ပီးကြိုးစားပါဦးမယ်ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Credit