ဗေလုဝကွယ်လွန်ကြောင်း ကနဦးသတင်းများထွက်ပေါ်လာသော်လည်း နေကောင်းကျန်းမာလျှက် ရှိကြောင်းဇနီးဖြစ်သူကအတည်ပြုပြောကြား
ပရိတ်သတ်တွေကိုရီမောပျော်ရွင်အောင်လုပ်နိုင်တဲ့ လူရွှင်တော်ဗေလုဝကတော့ဘီလူးရုပ်ရှင်ဇာတ်ကားနဲ့အနုပညာလောကထဲကိုရောက်ရှိလာခဲ့တာဘဲဖြစ်ပါတယ်။သူဟာဤအရာကိုအချစ်လို့ခေါ်သလားရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုရရှိထားသူတစ်ဦးဖြစ်ပြီးရုပ်ရှင်ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ထားတဲ့သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။
ဗေလုဝကတော့ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် မကြာခဏဆိုသလိုဆေးရုံတတ်ကုသနေရတာဘဲဖြစ်ပါတယ်။ဒီနေ့ညမှာတော့ သရုပ်ဆောင်လွင်မိုးက ကိုဗေလုဝနှုတ်ဆက်သွားပြီဆိုတဲ့စာလေးကို သူရဲ့ဖေ့ဘုတ်စ်မှာတင်လာပါတယ်။အဲဒီသတင်းကြောင့်ပရိတ်သတ်တွေ ဦးဗေလုဝဆုံးပြီလို့ထင်ခဲ့ကြတာဘဲဖြစ်ပါတယ်။
သို့ပေမဲ့ ဦးဗေလုဝနေကောင်းကျန်းမာလျက်ရှိကြောင်းကို သူ့မိန်းမကအတည်ပြုပြောကြားပါတယ်။ဒါအပြင်သရုပ်ဆောင်လွင်မိုးကလည်း ဦးဗေလုဝသတင်းမှားယွင်းနေပါ၍ တောင်းပန်ပါတယ် တခြားဘာရည်ရွယ်ချက်မှမရှိဘူးလို့ သူရဲ့ဖေ့ဘုတ်စ်မှာပြန်လည်ပြောကြားပါတယ်။ပရိတ်သတ်တွေလည်း ဦးဗေလုဝနေကောင်းကျန်းမာရှိကြောင်းကိုအတည်ပြုလိုက်ပါတယ်။
Zawgyi Version