လမ်းဘေးမှာ ချမ်းလွန်းလို့ကွေးအိပ်နေရရှာတဲ့ လူတစ်ယောက်ကိုစောင်သွားခြုံပေးပြီး ပိုက်ဆံတွေပါထားပေးခဲ့တဲ့ Sinon ရဲ့ဗီဒီယိုဖိုင်
ဖိလစ်ပိုင်နိုင်ငံသား Cat Walk King လို့လူသိများတဲ့ Sinon Loresca ကတော့မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီး ဒီမှာဘဲ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့သူတယောက်ပါ။မြန်မာပြည်ကိုချစ်တဲ့ Sinonကတော့ စိတ်သဘောထားကောင်းပြီးသနားကြင်နာတတ်တဲ့သူတယောက်ပါ။သူတတ်နိုင်သလောက်လှူဒါန်းမှုတွေပုံမှန်ပြုလုပ်ပေးနေတာဘဲဖြစ်ပါတယ်။
Sinonကအမှန်တကယ်ဒုက္ခရောက်နေတဲ့လူကြီးလူငယ်၊ကျားမမရွေးဘယ်သူ့ကိုမဆိုအကောင်းဆုံးအားပေးကူညီတတ်တာပဲဖြစ်ပါတယ်။ဒါကြောင့် Sinon ကိုဆိုရင်ပရိသတ်တွေအားလုံးကချစ်ခင်လေးစားရပြီးသူ့ရဲ့ကောင်းမွန်တဲ့အပြုအမူတွေအတွက်အမြဲတမ်းချီးကျူးနေကြတာဖြစ်ပါတယ်။အခုလည်းSinon ကလမ်းပေါ်မှာအနွေးထည်တွေ၊စောင်တွေမပါဘဲတစ်ယောက်တည်းအိပ်နေတဲ့လူတစ်ယောက်ကိုကူညီပေးလိုက်တာဖြစ်ပါတယ်။
Sinon ကတော့ချမ်းလွန်းလို့ကွေးအိပ်နေရရရှာတဲ့သူကိုအနွေးဓာတ်ရစေဖို့သူကိုယ်တိုင်ဂရုတစိုက်နဲ့သေသေချာချာလေးစောင်ခြုံပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် Sinon ကသူ့မှာပါလာတဲ့ပိုက်ဆံအိတ်ထဲကငါးထောင်တန်တွေကိုထုတ်ပြီးအိပ်နေတဲ့သူရဲ့ဘေးမှာပါထားပေးခဲ့သေးတာလည်းဖြစ်ပါတယ်။ကဲပရိသတ်တွေကိုပါ ကြည်နူးပီတိတွေဖြစ်စေခဲ့တဲ့ Sinon Loresca ရဲ့ဗီဒီယိုလေးကိုအောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Video ကြည့်ရန်
Zawgyi Version
Credit to Original