Cele News

Shwe FM ကပေးအပ်တဲ့ ဆုကြေးငွေနဲ့ အမေများအဖွဲကို ငွေကျပ် (၁၀)သိန်းကျော် လှူဒါန်းခဲ့တဲ့ မေလသံစဉ်

Shwe FM ကပေးအပ်တဲ့ ဆုကြေးငွေနဲ့ အမေများအဖွဲကို ငွေကျပ် (၁၀)သိန်းကျော် လှူဒါန်းခဲ့တဲ့ မေလသံစဉ်

အသံချိုချိုလေးနဲ့သီချင်းကောင်းလေးတွေကိုပရိတ်သတ်တွေရင်ထဲရောက်အောင်သီဆိုနိုင်တဲ့ မေလသံစဥ်ကတော့ ဂီတကိုငယ်ကတည်းကဝါသနာပါသူတစ်ယောက်ပါ။​မေလသံစဥ်ကတော့ အခုချိန်မှာငယ်ငယ်လေးနဲ့အောင်မြင်နေတဲ့အဆိုတော်တ​ယောက်ဘဲဖြစ်ပါတယ်။မေလကတော့အရွယ်နဲ့မလိုက်အောင် အလှူအတန်းတွေပြူလုပ်နေသူတယောက်ပါ။

လတ်တလောမှာလည်းShwe FMကပေးအပ်တဲ့ ဆုကြေးငွေနဲ့အနုပညာကြေးရရှိတဲ့ငွေတွေထဲကသန်လျင်မြို့နယ်ရှိအမေများအိမ်ရာ၊အမေများအဖွဲ့အားအလှူငွေ(၁၀)သိန်းကျပ်(ငွေပဒေသာပင်)ပေးအပ်လှူဒါန်းပေးအပ်ခဲ့ပါတယ်။ဒါ့အပြင်ဆန်၊ဆီနှင့် Nice Foodမုန့်စုံပုံးများလှူဒါန်းဖြစ်ခဲ့တဲ့အကြောင်းကိုလူမှုကွန်ရက်စာမျက်နှာထက်ကနေရေးသားဖော်ပြခဲ့ပါတယ်။

ပရိသတ်တွေကတော့သူမရဲ့မွန်မြတ်တဲ့အလှူလေးအတွက်သာဓုတွေခေါ်ဆိုခဲ့ကြပြီးမကြာခဏအလှူရေစက်လက်နဲ့မကွာလှူဒါန်းလေ့ရှိတဲ့မေလကိုချီးကျူးစကားလေးတွေမှတ်ချက်ပေးခဲ့ကြပါတယ်။သူမဖြူစင်စွာရရှိခဲ့တဲ့အနုပညာကြေးတွေကိုအခုလိုလိုအပ်တဲ့နေရာတွေအတွက်အသုံးချလှူဒါန်းခဲ့တဲ့မေလသံစဉ်ရဲ့ စိတ်လေးကတော့တကယ်ကိုလေးစားစရာပါပဲ ပရိသတ်ကြီးရေ။

Zawgyi Version





Credit to Original