အရမ်းလိုချင်နေတဲ့နှစ်ထပ်တိုက်ကြီးကိုဝယ်ယူနိုင်ပြီဖြစ်လို့ဝမ်းသာပီတီဖြစ်နေတဲ့နှိုင်းယှဥ်မြင့်မိုရ်တို့ ဇနီးမောင်နှံ
ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ပရိတ်သတ်ချစ်ခင်အားပေးရတဲ့နှိုင်းယှဥ်မြင့်မိုရ်ကတော့ဘယ်လိုဇာတ်ရုပ်မျိုးမှာမဆိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးဘက်စုံတော်တဲ့ဇာတ်ပို့ကောင်းတယောက်ဖြစ်ပါတယ်။အခုလိုကိုဗစ်ကာလမှာရိုတ်ကူးရေးတွေရပ်နားထားရတာကြောင့် နှိုင်းယှဥ်မြင့်မိုရ်ကတော့စိန်ရွှေရတနာတွေနဲ့တန်ဖိုးကြီးပစ္စည်းတွေကို liveလွှင့်ပြီးရောင်းချပေးနေတာဘဲဖြစ်ပါတယ်။နှိုင်းယှဥ်ကိုချစ်တဲ့ပရိသတ်တွေကအများအပြားဝယ်ယူအားပေးကြတာပါ။
နှိုင်းယှဥ်မြင့်မိုရ်တိိုဇနီးမောင်နှံကတော့ အရင်ကတည်းကအိမ်တလုံးဝယ်နိုင်ဖို့ရည်မှန်းချက်ထားခဲ့တာဘဲဖြစ်ပါတယ်။သို့ပေမယ့်ဝင်ငွေနည်းတဲ့ဇတ်ပို့တွေအတွက်အိမ်တလုံးဝယ်ဖို့ဆိုတာမလွယ်ကူလှပါဘူး။ဒီနေ့မှာတော့နှိုင်းယှဥ်မြင့်မိုရ်တို့ဇနီးမောင်နှံရည်မှန်းချက်လေးပြည့်သွားခဲ့ပါပြီ။အဲဒါကတော့နှစ်ထပ်တိုက်အိမ်သစ်ကြီးကိုဝယ်ယူလိုက်နိုင်တာဘဲဖြစ်ပါတယ်။နှိုင်းယှဥ်မြင့်မိုရ်ကတော့ကိုယ့်ရဲ့ကမ္ဘာငယ်လေးဆိုပြီးသူမရဲ့အိမ်သစ်ကြီးတင်စားပြောဆိုထားပါသေးတယ်။
အိမ်သစ်ကြီးဝယ်နိုင်ပြီဖြစ်တဲ့နှိုင်းယှဥ်မြင့်မိုရ်တိုဇနီးမောင်နှံရဲ့အပျော်လေးတွေမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်းဂုဏ်ပြုစကားလေးပြောပေးသွားပါဦးနော်။အခုလိုဖက်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ပျော်ရွှင်စရာနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေ။
Source – Nhying Shin