Cele News

မိဘတွေအပေါ်လိမ္မာသိတတ်လွန်းတဲ့ သူငယ်ချင်းဖြစ်သူမြင့်မြတ်ရဲ့အကြောင်းစုံကိုဖွင့်ဟလာတဲ့ သရုပ်ဆောင် ဂျူးဂျူးပန်ထွာ

မိဘတွေအပေါ်လိမ္မာသိတတ်လွန်းတဲ့သူငယ်ချင်းဖြစ်သူမြင့်မြတ်ရဲအကြောင်းစုံကိုဖွင့်ဟလာတဲ့ သရုပ်ဆောင်ဂျူးဂျူးပန်ထွာ

 

ဘယ်လိုဇာတ်ရုပ်မျိုးမှာမဆိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး သဘာဝကျတဲ့မင်းသားတလက်ဖြစ်တဲ့ သရုပ်ဆောင်မြင့်မြတ်ကတော့မြန်မာ့နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့မင်းသားတလက်ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲ့ပြီးအကယ့်ဒမီထူးချွန်ဆုကြီးပါထိုက်ထိုက်တန်တန်ရရှိထားပါသေးတယ်။ဒါအပြင်မြင့်မြတ်ကဇနီးချောလေးနဲ့အတူချစ်ဖို့ကောင်းတဲ့သားလေးမြတ်သူနဲ့အတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါသေးတယ်။


မြင့်မြတ်ဟာလတ်တလောမှာတော့စိတ်ညစ်စရာကိစ္စတစ်ချို့နဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။သရုပ်ဆောင်ဂျူးဂျူးပန်ထွာကလည်းသူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာမိဘတွေအပေါ်သိတတ်လိမ္မာလွန်းတဲ့သူငယ်ချင်းဖြစ်သူမြင့်မြတ်ရဲ့အကြောင်းစုံကိုအခုလိုပဲဖွင့်ဟပြောပြလာတာပဲဖြစ်ပါတယ်။

မင်းသားမဖြစ်ခင်ကတည်းကသူငယ်ချင်းတွေကိုယ့်ထက်အသက်ကြီးပေမယ့်မောင်နှမအရင်းလိုနေလာခဲ့တော့အကြောင်းသိတွေမြင့်မြတ်တို့မြောက်ဒဂုံမှာအိမ်ပိုင်နဲ့နေနိုင်တာတောင်မကြာသေးဘူးအရမ်းကြိုးစားပြီးအရမ်းရိုးသားတဲ့ဇနီးမောင်နှံမိသားစုကိုလည်းသိတတ်လိုက်တာ။ကိုယ်ဘာလို့သိလည်းသူတို့နဲ့၆လလောက်တစ်အိမ်ထဲမိသားစုလိုနေခဲ့လို့သိတာ။


အရင်ထဲကရွာမမှာအခွေဆိုင်ဖွင့်ဖျက်ပြီးစတိုးဆိုင်ထပ်ဖွင့်ပေးထားတာအင်းစိန်ရွာမမှာနေတဲ့လူတိုင်းသိပါတယ်။ဦးလေးကTaxi မောင်းတယ်နောက်ပိုင်းမင်းသားဖြစ်လာတော့မိဘကိုကွန်ဒိုတွေကားတွေဝယ်ပေးတယ်မောင်းနေတဲ့Taxiကိုလည်းဝယ်ပေးထားတယ်မမောင်းဖို့ပြောပေမယ့်မရတော့မိဘစိတ်ချမ်းသာပါစေဆိုလွှတ်ပေးထားတယ်ခုလိုဖြစ်လာမှာကိုလည်းကြိုသိပြီးသားပါ။

တစ်ကယ်ပေးဆပ်ခဲ့တဲ့သားသမီးကောင်းတွေပါမိသားစုဝင်လိုဖြစ်နေလို့အားလုံးသိနေတာပါ။ဖိုက်တင်း မျိုးမင်းဟိန်းခင်သူအောင်တစ်နေ့ဒီလိုဖြစ်လာလိမ့်မယ်ထင်သားပါ။တစ်လသိန်း၃၀ပေးပြီးတဲ့အပြင်ဝယ်ပေးထားတဲ့တိုက်ခန်းတွေကွန်ဒိုတွေကားတွေလည်းရှိပါတယ်။ မိဘကိုသိန်းထောင်ချီတွေလည်းပေးနေတာပါ။


လိုအပ်မှဝင်ပြောပေးတော့မယ်ဟာဖိုက်တင်းသူငယ်ချင်းတို့ဘာပဲဖြစ်ဖြစ်နင်တို့နှစ်ယောက်လုံသားသမီးကောင်းတွေပါ။ဘယ်သူမှမသိချင်ယောင်ဆောင်နေကြရင်တောင်ဘုရားသိပါတယ်ဖိုက်တင်းနော်ဆိုပြီးရေးသားထားတာပဲဖြစ်ပြီးပရိသတ်တွေအတွက်ဒီသတင်းလေးကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Credit to Original