Cele News
တကယ်မဝယ်ဘဲ စျေးလာစစ်နေတဲ့သူတွေကို စိတ်မဆိုးတဲ့အပြင် သီချင်းလေးပါဆိုပြပြီး စနောက်လိုက်တဲ့ ထက်ထက်ရဲ့ဗီဒီယို
တကယ်မဝယ်ဘဲစျေးလာစစ်နေတဲ့သူတွေကိုစိတ်မဆိုးတဲ့အပြင်သီချင်းလေးပါဆိုပြပြီးစနောက်လိုက်တဲ့ ထက်ထက်ရဲ့ဗီဒီယို
တခေတ်တခါကကြောငြာဘုရင်မလို့တောင်တင်စားခေါ်ဝေါ်ရတဲ့မင်းသမီးထက်ထက်မိုးဦးကတော့ပရိတ်သတ်အသည်းစွဲအားပေးချစ်ခင်မှုရရှိခဲ့တဲ့သူတယောက်ပါ။ပါဝင်သရုပ်ဆောင်တဲ့ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ သူမကတော့ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့အပြုံးလေးတွေနဲ့ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တာလေးတွေကြောင့်ပရိသတ်ကအချစ်ပိုနေရတာလည်းဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကိုအချိန်တစ်ခုကြာလုပ်ကိုင်ခဲ့တဲ့သူမကတော့ချစ်စရာကောင်းလွန်းတဲ့အပြုံးလေးတွေကိုပိုင်ဆိုင်ထားတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့သူမကတော့ ကြော်ငြာတွေကိုလည်းရိုက်ကူးလျက်ရှိနေတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီးပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူး။အခုလိုကိုဗစ်ကာလမှာရိုတ်ကူးရေးတွေရပ်နားထားရတာကြောင့် ထက်ထက်က စိန်ရွှေရတနာတွေနဲ့တန်ဖိုးကြီးအရာတွေကို live လွှင့်ပြီးရောင်းချပေးနေတာဘဲဖြစ်ပါတယ်။ဒီနေ့မှာတော့ liveမှာစျေးလျောက်မေးပြီးတကယ်မဝယ်တဲ့သူကိုစိတ်မဆိုးတဲ့အပြင်သူချင်းလေးနဲ့စနောက်လိုက်ပါသေးတယ်။
သူမကတော့အာလူးလာမပေးနဲ့လေတွေနဲနဲလျော့ချစ်ရသူတွေပျင်းနေမှာဆိုးလို့သူများလာပို့ပေးတာ တင်ပေးလိုက်ပါတယ်ဆိုပြီးအသည်းယားစရာကောင်းလွန်းတဲ့ဗီဒီယိုဖိုင်လေးနဲ့အတူလူမှုကွန်ယက်မျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက်ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ထက်ထက်မိုးဦးရဲ့သီချင်းလေးဆိုရင်းချစ်စဖွယ်အမူအရာလေးလုပ်ပြနေတဲ့ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ကာအဆိုပါဗီဒီယိုလေးကိုအောက်မှာကြည့်နိုင်ပါတယ်။
Video ကြည့်ရန်
Zawgyi Version
တကယ်မဝယ်ဘဲ ဈေးလာစစ်နေတဲ့သူတွေကို စိတ်မဆိုးတဲ့အပြင် သီချင်းလေးပါဆိုပြပြီး စနောက်လိုက်တဲ့ ထက်ထက်ရဲ့ဗီဒီယို
Source – Htet Htet Moe Oo