Cele News

ဖေဖေနဲ့မေမေ လှူဒါန်းခဲ့တဲ့ ရေသယ်ကားကြီးကို သိန်းပေါင်းများစွာအကုန်ကျခံပြီး ပြန်ပြင်ပေးဖို့ ကြည့်ရှုစစ်ဆေးနေတဲ့သမီးလိမ္မာလေး G ရဲ့ဗီဒီယို

ဖေဖေနဲ့မေမေ လှူဒါန်းခဲ့တဲ့ ရေသယ်ကားကြီးကို သိန်းပေါင်းများစွာအကုန်ကျခံပြီး ပြန်ပြင်ပေးဖို့ ကြည့်ရှုစစ်ဆေးနေတဲ့သမီးလိမ္မာလေး G ရဲ့ဗီဒီယို

The Voice Myanmar Season 3မှာဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ G ကတော့ပြိုင်ပွဲနောက်ဆုံးအဆင့်ထိမရောက်ပေမယ့် ပရိတ်သတ်အားပေးလက်ခံမှုရရှိခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။Gက​တော့ချမ်းသာတဲ့မိသားစုကဆင်းသက်လာပေမယ့်မာန်မာနကင်းပြီးပရဟိတအလုပ်တွေကို စိတ်အားထက်သန်တဲ့သူတယောက်ဖြစ်ပါတယ်။


G ကတော့ပရဟိတအသင်းတစ်ခုမှာလူနာတင်ကားကိုကိုယ်တိုင်မောင်းနှင်ပြီးကူညီဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းGကအနုပညာလှုပ်ရှားမှုအနေနဲ့ကြော်ငြာတွေမနားတမ်းရိုက်ကူးလာရသလို Live Saleတွေလည်းရောင်းချနေရတာဖြစ်ပါတယ်။ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ရဲ့သမီးလေးဖြစ်တဲ့Gကအခုတော့သူမရှာဖွေထားတဲ့ငွေကြေးတွေနဲ့ လူနာတင်ကားဝယ်လှူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူမတို့မိသားစုလှူထားတဲ့ရေသယ်ကားကြီးကချို့ယွင်းချက်တွေရှိနေတာကြောင့်Gကဒီကားကြီးကိုအရင်ဆုံးပြင်ပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။


G ကလူနာတင်ကားလေးဝယ်မလို့ကိုအခုတော့ဝယ်လို့မရသေးဘူးဒါကြီးအရင်ပြင်ရတော့မယ်ဆိုပြီးကားကြီးရဲ့အခြေအနေကိုကြည့်ရှုစစ်ဆေးနေတာပဲဖြစ်ပါတယ်။သမီးလိမ္မာလေးဖြစ်တဲ့Gကတော့ဖေဖေနဲ့မေမေတို့လှူဒါန်းထားတဲ့ကားကြီးကိုသိန်းပေါင်းများစွာအကုန်ကျခံပြီးပြင်ပေးတော့မှာလည်းဖြစ်ပါတယ်။ကဲနေပူကြီးထဲမှာ ကားပြင်ဖို့ကိစ္စကိုအာရုံစိုက်လုပ်ကိုင်ပြီးစစ်ဆေးနေတဲ့G ရဲ့Liveဗီဒီယိုလေးကိုချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်


Zawgyi version






Credit to Original