ခင်ဝင့်ဝါရဲ့ ဖုန်း Effect ကြောင့် မျက်နှာက လိမ္မော်သီးလိုဖြစ်နေတယ်ဆိုတဲ့ နေတိုးရဲ့စကားအပေါ် သဘောကျစွာရယ်မောနေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ဗီဒီယို
ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့အနုပညာရှင်တွေဘဲဖြစ်ပါတယ်။နှစ်ယောက်အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြောငြာပေါင်းစုံအတူတူရိုတ်ကူးခဲ့ပြီး အတွဲညီတဲ့ သရုပ်ဆောင်တွေလည်းဖြစ်ပါတယ်။အကယ်ဒမီထူးချွန်ဆုတွေလည်းအသီးသီးရရှိထားပါသေးတယ်။
အတွဲညီတယ်လို့ပရိသတ်တွေကသက်မှတ်ထားကြတဲ့နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ အနုပညာမောင်နှမနှစ်ယောက်က ဒီကနေ့မှာတော့ အလှကုန်ပစ္စည်းကြော်ငြာတစ်ခုကို ခင်ဇာခြည်ကျော်၊ မိုးဟေကို၊ ခင်ဝင့်ဝါတို့နဲ့အတူတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ခင်ဝင့်ဝါကတော့ အနုပညာမောင်နှမတွေစုံတုန်း အမှတ်တရ ဗီဒီယိုရိုက်ကူးခဲ့ရာ နေတိုးက ခင်ဝင့်ဝါရဲ့ ဖုန်း Effect ကြောင့် မျက်နှာက လိမ္မော်သီးလိုဖြစ်နေတယ်ဆိုပြီးပြောခဲ့တာကြောင့် အိန္ဒြာကျော်ဇင်ခမျာ ရယ်ချင်စိတ်ကို ချုပ်တီးမထားနိုင်ခဲ့တာ အခုလိုပဲ ချစ်စဖွယ်တွေ့ရပါတယ်။
Video ကြည့်ရန်
နေတိုးကတော့ ခင်ဝင့်ဝါဖုန်းက လိမ္မော်ရောင် Effect ကို သတိထားမိပြီး ပေါက်ကရတွေ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လူပျိုကြီးနေတိုးရဲ့ အပြောကို သဘောကျနေမှာ အသေအချာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi Version
Credit to Original