Cele News
နေမကောင်းဖြစ်နေတဲ့ သူငယ်ချင်းဗေလုဝထံ ကိုယ်တိုင် သတင်းသွားမေးပြီး အားပေးစကားပြောခဲ့တဲ့ ငှက်ပျော်ကြော်
နေမကောင်းဖြစ်နေတဲ့သူငယ်ချင်းဗေလုဝထံ ကိုယ်တိုင် သတင်းသွားမေးပြီးအားပေးစကားပြောခဲ့တဲ့ ငှက်ပျော်ကြော်
ပြည်သူအချစ်တော်ဟာသလူရွှင်တော်ဗေလုဝကတော့ အနုပညာနယ်ပယ်မှာဆယ်စုနှစ်ကြာကျင်လည်ခဲ့တဲ့ဝါရင့်သရုပ်ဆောင်တယောက်ဘဲဖြစ်ပါတယ်။ဗေလုဝကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲ့ပြီး အကယ်ဒမီထူးချွန်ဆုကြီးပါရရှိခဲ့တဲ့သူပါ။ဦးဗေလုဝက ကျန်းမာရေးအခြေအနေကြောင့်အနုပညာအလုပ်တွေရပ်နားပြီးဆေးကုသမှုခံယူနေရတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းကွယ်လွန်သွားခဲ့ပြီဆိုပြီးကောလဟာလတွေထွက်ရှိခဲ့သေးတဲ့ဗေလုဝကပရိသတ်တွေထင်သလိုမဟုတ်ပဲသူ့ရဲ့နေအိမ်မှာကျန်းကျန်းမာမာရှိနေဆဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ဗေလုဝရဲအရင်းနှီးဆုံးသူငယ်ချင်းဖြစ်သလိုလုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ငှက်ပျော်ကြော်ကဗေလုဝအိမ်သွားပြီး သတင်းသွားမေးခဲ့ကြောင်းကိုစစ်သူကြီးတုံးကျော်သူကြီးထံသတင်းမေးဆိုပြီးသူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။
ငှက်ပျော်ကြော်ကတော့ဗေလုဝကွယ်လွန်သွားပြီဆိုပြီးသူကိုယ်တိုင်လည်းထင်မှတ်နေခဲ့တာကြောင့်ဗေလုဝတို့မိသားစုကိုပြန်လည်တောင်းပန်ပြီးအခုလိိုဘဲအိမ်တိုင်ရာရောက်သတင်းသွားမေးခဲ့တာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ပြည်သူချစ်အနုပညာရှင်ကြီးတစ်ယောက်ကောလဟာလတွေထွက်ရှိတဲ့အတိုင်းမဟုတ်ပဲကျန်းကျန်းမာမာရှိနေတာကိုမြင်ရတာဝမ်းသာစရာပါပဲနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi Version
နေမကောင်းဖြစ်နေတဲ့ သူငယ်ချင်း ဗေလုဝထံ ကိုယ်တိုင်ကိုယ်ကျ သတင်းသွားမေးပြီး အားပေးခဲ့တဲ့ ငှက်ပျော်ကြော်
Credit to Original