သမီးဖြစ်သူ စံထိပ်ထားဦးနဲ့အတူတူ Last Christmas သီချင်းလေးကို လူငယ်လေးတစ်ယောက်လို အချက်ကျကျလေး ကနေခဲ့တဲ့ ခိုင်သင်းကြည်ရဲ့ ဗီဒီယိုဖိုင်
ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး ပရိတ်သတ်အားပေးချစ်ခင်ရတဲ့ မင်းသမီးခိုင်သင်းကြည်ကတော့ အကယ်ဒမီထူးချွန်ဆုကြီးကိုရရှိထားတဲ့သူတယောက်ပါ။ဝါရင့်မင်းသမီးတစ်လက်ဖြစ်ပေမယ့် ခိုင်သင်းကြည်ကတော့သူမရဲ့နုပျိုမှုတွေကြောင့်ပရိသတ်တွေရဲ့အားကျနှစ်သက်တာကိုခံနေရသူပါနော်။ဒါအပြင်ခိုင်သင်းကြည်ကချစ်စရာသမီးလေးနဲအတူပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားပါသေးတယ်။
ဆယ်ကျော်သက်သမီးလေးစံထိပ်ထားဦးနဲ့အပြိုင်လူငယ်လေးတစ်ယောက်လိုတက်ကြွကာစိတ်ပျိုကိုယ်နုဆိုသလိုပျော်ရွှင်တက်ကြွမှုတွေနဲ့အတူမခိုင်လေးကတော့ကြည့်ကောင်းကာလှပနုပျိုနေသူလေးပါ။သမီးငယ်လေးနဲ့အတူအကTik Tok ဗီဒီယိုလေးတွေကိုရိုက်လေ့ရှိပါသေးတယ်။
Video ကြည့်ရန်
ဒီနေ့မှာလည်းခိုင်သင်းကြည်ကသမီးလေးနဲ့အတူ Last Christmas သီချင်းလေးနဲ့အတူကထားတဲ့ဗီဒီယိုဖိုင်လေးကိုဆရာမခိုင်းတဲ့အတိုင်းနောက်ကလိုက်လုပ်ရတာဆိုပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်လာခဲ့ပါတယ်။သမီးလေးနဲ့အပြိုင်အချက်ကျကျလေးလိုက်ကနေတဲ့ မခိုင်လေးကတော့အမြဲတက်ကြွကာကြည့်ကောင်းနေသူပါပဲနော်။ပရိသတ်ကြီးအတွက်လည်းခိုင်သင်းကြည်နဲ့စံထိပ်ထားဦးတို့သားအမိနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Zawgyi Version
Credit to Original