(၄၇) နှစ်ပြည့်မွေးနေ့အလှူလေးအဖြစ် အိမ်ခြေ (၄၇၀)ကို ဆန်နဲ့စားစရာတွေလှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်
ပြည်သူချစ်ဟာသလူရွှင်တော်သရုပ်ဆောင် ဒိန်းဒေါင်ကတော့ ဟာသညဏ်ရွှင်ပြီး ရီစရာပြက်လုံးတွေကို ပရိသတ်တွေကိုရီမောပျော်ရွှင်အောင်လုပ်နိုင်သူတယောက်ပါ။အခုလိုကိိုဗစ်ကာလမှာ ဒိန်းဒေါင်ကတော့ ချွန်တွန်းပရဟိတအဖွဲ့ကိုထူထောင်ထားပြီးလိုအပ်တဲ့နေရာတွေမှာ လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်ပေးနေတာဘဲဖြစ်ပါတယ်။ဒီနေ့မှာဒိန်းဒေါင်ရဲ့(၄၇)နှစ်ပြည့်မွေးနေ့လေးလည်းဖြစ်ပါတယ်။
(၄၇)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ အိမ်ခြေ(၄၇၀)အတွက်ဆန်ဆီဆားနဲ့ပြက္ခဒိန်လေးတွေကိုလှူဒါန်းခဲ့ပါတယ်။သာကေတမှာရှိတဲ့ နွမ်းပါးပြည်သူတွေအတွက်အိမ်ခြေ(၂၀၀)စာလှူဒါန်းခဲ့တယ်လို့လည်းသိရပါတယ်။ဒိန်းဒေါင်ကမွေးနေ့အလှူလေးကိုပရိသတ်တွေလည်းထပ်တူသာဓုခေါ်ဆိုနိုင်ဖို့အတွက်လူမှုကွန်ရက်စာမျက်နှာထက်ကနေ Liveလွှင့်ပြီးပရိသတ်တွေကိုမျှဝေပေးခဲ့တာပါ။
မိသားစုများပြီးတကယ်ကိုမရှိနွမ်းပါးကြတဲ့ရပ်ကွက်လေးတွေကိုသေချာရှာဖွေပြီးလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။သွားရောက်လှူဒါန်းတဲ့ ရပ်ကွက်ကပရိသတ်တွေကလည်းကိုဒိန်းဒေါင်အတွက်မွေးနေ့ဆုမွန်ကောင်းတွေအများကြီးပေးခဲ့ကြပါတယ်။Happy Birthday ပါကိုဒိန်းဒေါင်ရေမွေးနေ့စပြီးနောင်နှစ်ပေါင်းများစွာထိချစ်တဲ့ ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူပရဟိတအလုပ်တွေအများကြီးလုပ်ဆောင်သွားနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
Video ကြည့်ရန်
Zawgyi Version
(၄၇) ႏွစ္ျပည့္ေမြးေန႕အလႉေလးအျဖစ္ အိမ္ေျခ (၄၇၀)ကို ဆန္နဲ႕စားစရာေတြလႉဒါန္းခဲ့တဲ့ ဒိန္းေဒါင္
ျပည္သူခ်စ္ဟာသလူ႐ႊင္ေတာ္သ႐ုပ္ေဆာင္ ဒိန္းေဒါင္ကေတာ့ ဟာသညဏ္႐ႊင္ၿပီး ရီစရာျပက္လုံးေတြကို ပရိသတ္ေတြကိုရီေမာေပ်ာ္႐ႊင္ေအာင္လုပ္နိုင္သူတေယာက္ပါ။အခုလိုကိိုဗစ္ကာလမွာ ဒိန္းေဒါင္ကေတာ့ ခြၽန္တြန္းပရဟိတအဖြဲ႕ကိုထူေထာင္ထားၿပီး လိုအပ္တဲ့ေနရာေတြမွာ လႉဒါန္းမႈေတြဆက္တိုက္ျပဳလုပ္ေပးေနတာဘဲျဖစ္ပါတယ္။ဒီေန႕မွာ ဒိန္းေဒါင္ရဲ႕ (၄၇)ႏွစ္ျပည့္ေမြးေန႕ေလးလည္းျဖစ္ပါတယ္။
(၄၇)ႏွစ္ျပည့္ေမြးေန႕အထိမ္းအမွတ္အေနနဲ႕ အိမ္ေျခ(၄၇၀)အတြက္ဆန္ ဆီဆားနဲ႕ျပကၡဒိန္ေလးေတြကိုလႉဒါန္းခဲ့ပါတယ္။သာေကတမွာရွိတဲ့ ႏြမ္းပါးျပည္သူေတြအတြက္အိမ္ေျခ(၂၀၀)စာ လႉဒါန္းခဲ့တယ္လို႔လည္းသိရပါတယ္။ဒိန္းေဒါင္ကေမြးေန႕အလႉေလးကိုပရိသတ္ေတြလည္း ထပ္တူသာဓုေခၚဆိုနိုင္ဖို႔အတြက္လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန Live လႊင့္ၿပီးပရိသတ္ေတြကိုမွ်ေဝေပးခဲ့တာပါ။
Credit to Original