မိခင်ကိုယ်တိုင်ကအမှိုက်ပုံမှာပစ်ထားခဲ့တဲ့(၈)လအရွယ်သားငယ်လေးကိုထပ်မံခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ
ဘက်စုံတော်တဲ့မင်းသမီးတစ်ယောက်ဖြစ်တဲ့ခိုင်နှင်းဝေကတော့အနုပညာနယ်ပယ်မှာနေရာတခုရရှိနေပြီး အောင်မြင်နေတဲ့သူတယောက်ဖြစ်ပါတယ်။ဒါအပြင် ပရိဟိတမင်းသမီးလို့ခေါ်ဝေါ်ရတဲ့အထိပရဟိတလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါနှစ်ပြီးဦးဆောင်လုပ်နေတဲ့သူတယောက်ဖြစ်ပါတယ်။ခိုင်နှင်းဝေကလတ်တလောမှာတော့သူမရဲ့ဂေဟာကိုအကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ကလေးတွေကိုဂရုစိုက်စောင့်ရှောက်ပေးနေရပြီးဒီကနေ့မှာလည်းသူမရဲ့ခိုင်မိသားစုဂေဟာကိုရောက်ရှိလာတဲ့သားလေးအကြောင်းကိုပြောပြလာပါတယ်။
ကျွန်မတို့ခိုင်မိသားစုရဲ့(41)ယောက်မြောက်(၈)လသားလေးပါရှင်။အဖေနဲ့အမေကွဲပြီးအဖေ့ဘက်ကဆွေမျိုးများမှလဲတာဝန်မယူသလိုအမေကကလေးကိုရိုက်နှက်ပြီးမှော်ဘီအမှိုက်ပုံမှာပစ်ထားခဲ့၍အနီးပတ်ဝန်းကျင်မှထိန်းသိမ်းစောင့်ရှောက်ကာကျွန်မဆီဆက်သွယ်အကြောင်းစုံပြောပြခဲ့ပါတယ်။အမှန်တကယ်ခိုကိုးရာမဲ့နေသောကြောင့်ဒီသားလေးကိုကျွန်မတို့ခိုင်ဂေဟာမှ ယူစောင့်ရှောက်ဖြစ်ခဲ့ပါတယ်ရှင်ဆိုပြီးဒီကနေ့အသစ်ရောက်ရှိလာတဲ့သားလေးအကြောင်းကိုပြောလာပါတယ်။
ခိုင်နှင်းဝေကတော့သူမဆီရောက်ရှိလာသမျှကလေးတိုင်းကိုမိခင်ရင်းသဖွယ်ရင်အုပ်မကွာစောင့်ရှောက်ပေးနေသူတစ်ယောက်ဖြစ်ပြီးအခုဆိုရင်ခိုကိုးရာမဲ့ကလေးပေါင်း(၄၁)ယောက်ထိရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi Version
မိခင္ကိုယ္တိုင္က အမွိုက္ပုံမွာပစ္ထားခဲ့တဲ့ (၈) လအ႐ြယ္သားငယ္ေလးကို ထပ္မံေခၚယူေမြးစားခဲ့တဲ့ ခိုင္ႏွင္းေဝ
ဘက္စုံေတာ္တဲ့မင္းသမီးတစ္ေယာက္ျဖစ္တဲ့ ခိုင္ႏွင္းေဝကေတာ့ အႏုပညာနယ္ပယ္မွာေနရာတခုရရွိေနၿပီး ေအာင္ျမင္ေနတဲ့သူတေယာက္ျဖစ္ပါတယ္။ဒါအျပင္ ပရိဟိတမင္းသမီးလို႔ေခၚေဝၚရတဲ့အထိ ပရဟိတလုပ္ငန္းေတြကို စိတ္ေရာကိုယ္ပါႏွစ္ၿပီး ဦးေဆာင္လုပ္ေနတဲ့သူတေယာက္ျဖစ္ပါတယ္။ခိုင္ႏွင္းေဝကလတ္တေလာမွာေတာ့ သူမရဲ႕ေဂဟာကိုအေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ ေရာက္လာၾကတဲ့ကေလးေတြကိုဂ႐ုစိုက္ေစာင့္ေရွာက္ေပးေနရၿပီးဒီကေန႕မွာလည္းသူမရဲ႕ခိုင္မိသားစုေဂဟာကိုေရာက္ရွိလာတဲ့သားေလးအေၾကာင္းကိုေျပာျပလာပါတယ္။
ကြၽန္မတို႔ ခိုင္မိသားစုရဲ႕(41)ေယာက္ေျမာက္ (၈)လသားေလးပါရွင္။အေဖနဲ႕အေမကြဲၿပီးအေဖ့ဘက္ကေဆြမ်ိဳးမ်ားမွလဲတာဝန္မယူသလိုအေမကကေလးကိုရိုက္ႏွက္ၿပီးေမွာ္ဘီအမွိုက္ပုံမွာ ပစ္ထားခဲ့၍အနီးပတ္ဝန္းက်င္မွထိန္းသိမ္းေစာင့္ေရွာက္ကာကြၽန္မဆီဆက္သြယ္အေၾကာင္းစုံ ေျပာျပခဲ့ပါတယ္။အမွန္တကယ္ခိုကိုးရာမဲ့ေနေသာေၾကာင့္ဒီသားေလးကိုကြၽန္မတို႔ခိုင္ေဂဟာမွ ယူေစာင့္ေရွာက္ျဖစ္ခဲ့ပါတယ္ရွင္ဆိုၿပီးဒီကေန႕ အသစ္ေရာက္ရွိလာတဲ့သားေလးအေၾကာင္းကို ေျပာလာပါတယ္။
ခိုင္ႏွင္းေဝကေတာ့သူမဆီေရာက္ရွိလာသမွ် ကေလးတိုင္းကိုမိခင္ရင္းသဖြယ္ရင္အုပ္မကြာေစာင့္ေရွာက္ေပးေနသူတစ္ေယာက္ျဖစ္ၿပီးအခုဆိုရင္ခိုကိုးရာမဲ့ကေလးေပါင္း(၄၁)ေယာက္ထိရွိလာခဲ့ၿပီပဲျဖစ္ပါတယ္။
Credit to Original