One Championship ရဲ့ ၂၀၂၁ ပွဲစဉ်များတွင် အောင်လအန်ဆန်၏ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ဖွယ်ရှိ
One Championshipက၂၀၂၁အတွင်းကျင်းပမည့် MMA ပွဲစဉ်များတွင်အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းတစ်ကျော့ပြန်ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ဖွယ်ရှိကြောင်းဟောင်ကောင်အခြေစိုက် South China Morning Postကရေးသားဖော် ပြခဲ့သည်။
အောင်လအန်ဆန်သည်ပြီးခဲ့သည့် အောက်တိုဘာ ၃၀ရက်ကစင်ကာပူနိုင်ငံ၌ကျင်းပခဲ့သည့် MMAမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင်စိန်ခေါ်သူဒီရစ်ဒါကိုပထမအချီအတွင်းချုပ်ကွက်မိကာရှုံးနိမ့်ခဲ့သည်။အောင်လအန်ဆန်ကလက်လွှတ်ခဲ့ရသည့်မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကိုပြန်လည်ရယူမည်ဟုပြောကြားထားပြီး Oneကစီစဉ်ပါကဒီရစ်ဒါနှင့်မကျေပွဲပြန်လည်ယှဉ်ပြိုင်မည်ဟုဆိုထားသည်။
MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံသစ်နယ်သာလန်ဖိုက်တာဒီရစ်ဒါ၏ ခါးပတ်ကိုစိန်ခေါ်နိုင်သည့်ကစားသမားများစာရင်းကိုနိုဝင်ဘာအတွင်းကOneက ထုတ်ပြန်ခဲ့ရာအောင်လအန်ဆန်လည်းပါဝင်သည်။အသက်(၃၅)နှစ်အရွယ် ကချင်တိုင်းရင်းသားအောင်လအန်ဆန်သည် MMAပြိုင်ပွဲတစ်လျှောက် ၃၇ပွဲကစား၊၂၆ ပွဲနိုင်၊ ၁၁ပွဲရှုံးနိမ့်ထားသည်။အောင်လအန်ဆန်သည် MMAမစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကိုလက်လွှတ်ခဲ့ရသော်လည်းလိုက်ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နေသည်။
Zawgyi Version
One Championship ရဲ႕ ၂၀၂၁ ပြဲစဥ္မ်ားတြင္ ေအာင္လအန္ဆန္၏ခ်န္ပီယံစိန္ေခၚပြဲ ပါဝင္ဖြယ္ရွိ
One Championshipက ၂၀၂၁အတြင္းက်င္းပမည့္ MMA ပြဲစဥ္မ်ားတြင္ေအာင္လအန္ဆန္၏ မစ္ဒယ္ဝိတ္တန္းတစ္ေက်ာ့ျပန္ခ်န္ပီယံစိန္ေခၚပြဲ ပါဝင္ဖြယ္ရွိေၾကာင္းေဟာင္ေကာင္အေျခစိုက္ South China Morning Post ကေရးသားေဖာ္ ျပခဲ့သည္။
ေအာင္လအန္ဆန္သည္ၿပီးခဲ့သည့္ ေအာက္တိုဘာ၃၀ရက္ကစင္ကာပူနိုင္ငံ၌က်င္း ပခဲ့သည့္ MMAမစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံ ကာကြယ္ပြဲတြင္စိန္ေခၚသူဒီရစ္ဒါကိုပထမအခ်ီ အတြင္းခ်ဳပ္ကြက္မိကာရႈံးနိမ့္ခဲ့သည္။ေအာင္လအန္ဆန္ကလက္လႊတ္ခဲ့ရသည့္မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံခါးပတ္ကိုျပန္လည္ရယူမည္ဟုေျပာၾကားထားၿပီး One ကစီစဥ္ပါကဒီရစ္ဒါႏွင့္မေက်ပြဲျပန္လည္ယွဥ္ၿပိဳင္မည္ဟုဆိုထားသည္။
MMA မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံသစ္နယ္သာလန္ဖိုက္တာဒီရစ္ဒါ၏ ခါးပတ္ကိုစိန္ေခၚနိုင္သည့္ကစားသမားမ်ားစာရင္းကိုနိုဝင္ဘာအတြင္းကOneက ထုတ္ျပန္ခဲ့ရာေအာင္လအန္ဆန္လည္းပါဝင္သည္။အသက္(၃၅)ႏွစ္အ႐ြယ္ ကခ်င္တိုင္းရင္းသားေအာင္လအန္ဆန္သည္ MMA ၿပိဳင္ပြဲတစ္ေလွ်ာက္ ၃၇ပြဲကစား၊၂၆ ပြဲနိုင္၊ ၁၁ပြဲရႈံးနိမ့္ထားသည္။ေအာင္လအန္ဆန္သည္ MMAမစ္ဒယ္ဝိတ္ခ်န္ပီယံခါးပတ္ကိုလက္လႊတ္ခဲ့ရေသာ္လည္းလိုက္ဟဲဗီးဝိတ္ခ်န္ပီယံအျဖစ္ ဆက္လက္ရပ္တည္ေနသည္။
Source -7 days News