နှစ်သစ်ကိုကြိုဆိုရင်းတန်ဖိုးကြီးမားတဲ့အလှူပစ္စည်းတွေနဲ့အနှေးယာဥ်သမားတွေကိုဒါနပြုနေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယို
ကျောင်းကပွဲတခုရဲ့စင်မြင့်ထက်မှာကပြဖျော်ဖြေရင်း လူသိများပြီးဆယ်လီဖြစ်လာတဲ့ဖြူဖြူထွေးကတော့ အခုချိန်မှာအရမ်းကိုအောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။အခုလိုကိုဗစ်ကာလမှာတောင် မနားရဘဲ ကြောငြာတွေဆက်တိုက်ဆိုသလိုရိုတ်ကူးနေရတာဖြစ်ပါတယ်။ဒါအပြင်ဖြူဖြူထွေးကအလှူအတနရက်ရောသလိုလိုအပ်တဲ့နေရာတွေကိုကိုယ်တိုင်သွားရောက်လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။
ပရိသတ်တွေကလည်းသူမရဲ့ကြိုးစားမှုတွေကို အသိအမှတ်ပြုအားပေးနေကြတာပါနော်။ဖြူဖြူထွေးကလတ်တလောမှာအနုပညာလှုပ်ရှားမှုတွေအပြင်ပရဟိတလုပ်ငန်းတွေကိုလည်းသူမတက်နိုင်သလောက်ကူညီလုပ်ဆောင်ပေးနေတာကိုလည်းတွေ့ရပါတယ်။
သူမကရုပ်ရည်လေးကလည်းအပြစ်ပြောရက်စရာမရှိလောက်အောင်ချစ်စရာကောင်းနေပြီးစိတ်ဓာတ်လေးကလည်းဖြူစင်မွန်မြတ်လွန်းတာကြောင့်ပရိသတ်တွေသာမကပဲအနုပညာရှင်တွေကပါအချစ်ပိုနေကြတာလည်းဖြစ်ပါတယ်။
ဖြူဖြူထွေးကသူမရဲ့လှုပ်ရှားမှုတိုင်းကိုလူမှုကွန်ယက်ဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့ဖေ့ဘုတ်စ်၊Ig စတာတွေမှာမကြာခဏဆိုသလိုမျှဝေပေးလျက်ရှိသူလည်းဖြစ်ပါတယ်နော်။ယနေ့မှာလည်းဖြူဖြူထွေးက၂၀၂၀ ခုနှစ်ရဲ့နောက်ဆုံးရက်မှာအနှေးယဥ်သမားတွေကိုမွန်မြတ်တဲ့အလှူနဲ့ဒါနပြုနေတဲ့ကြည်နူးစရာဗီဒီယိုလေးတစ်ခုကိုဝေမျှလာတာပါ။ပရိသတ်တွေကြည့်ရှုစေဖို့အတွက် အဆိုပါဗီဒီယိုဖိုင်လေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
Video ကြည့်ရန်
Credit to Original