Cele News

နှစ်သစ်မှာ အိမ်ကမြတ်စွာဘုရားကို ပန်းပလ္လင်နဲ့ကိုယ်တိုင်ပူဇော်ချင်လို့ တစ်ညလုံးမအိပ်ဘဲ အပင်ပန်းခံခဲ့တဲ့ ပိုးအိအိခန့်ရဲ့ဗီဒီယို

နှစ်သစ်မှာအိမ်ကမြတ်စွာဘုရားကိုပန်းပလ္လင်နဲ့ကိုယ်တိုင်ပူဇော်ချင်လို့တစ်ညလုံးမအိပ်ဘဲ အပင်ပန်းခံခဲ့တဲ့ ပိုးအိအိခန့်ရဲ့ဗီဒီယို

ဗီဒီယိုဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုရရှိခဲ့တဲ့မင်းသမီးပိုးအိအိခန့်ကတော့မြန်မာ့လက်ရွေးစင်ကစားသမားအောင်သူနဲ့ လက်ထပ်ပြီးချစ်စရာသားလေးတစ်ယောက်ကိုပါပိုင်ဆိုင်ထားပါသေးတယ်။ပိုးအိအိခန့်ကတော့ အနုပညာလောကနဲ့ခနတာဝေးကွာနေပြီးချစ်ရတဲ့ခင်ပွန်းနဲ့သားလေးကိုအချိန်ပေးပြီအိမ်ထောင်ရှင်မကောင်းတယောက်ဖြစ်နေပါပြီ။


အေးအေးချမ်းချမ်းနေထိုင်တတ်တဲ့ပိုးအိအိခန့်ကတော့ဘာသာရေးကိုင်းရှိုင်းပြီးဘုရားတရားလိုက်စားသူလေးလည်းဖြစ်ပါတယ်။ဒါကြောင့်ပိုးအိအိခန့်ကအခုလည်းနှစ်သစ်မှာအိမ်ကမြတ်စွာဘုရားကိုပန်းပလ္လင်နဲ့ပူဇော်နိုင်ဖို့တစ်ညလုံးအပင်ပန်းခံပြီးပန်းထိုးခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းကိုပိုးအိအိခန့်ကကျွန်မရဲ့ New Year (2021)ကိုကြိုဆိုပုံ(၂၀၂၁)ကိုတစ်ခါမှမလုပ်ဖူးတဲ့ကောင်းမှုကုသိုလ်တစ်ခုနဲ့ဖြတ်သန်းချင်လို့အိမ်ကမြတ်စွာဘုရားကိုပန်းပလ္လင်နဲ့ပူဇော်ဖို့ည(၈)နာရီထဲကစထိုးကြတာအခုမနက်(၃)နာရီခွဲမှပြီးသွားတယ်။


ဒီလိုမျိုးလည်းတစ်ခါမှမထိုးဖူးဘူးဆရာမကြီးလည်းမဟုတ်လို့အရမ်းသပ်သပ်ရပ်ရပ်ကြီး မဟုတ်ပေမယ့်ပုံလေးပေါ်လာလို့ဝမ်းလည်းဝမ်းသာတယ်ကြည်လည်းကြည်နူးရတယ်ဝယ်လာတဲ့ပန်း၊ဝယ်လာတဲ့ဖော့တုံးအားလုံးကွက်တိ ဖြစ်တာလည်းဝမ်းသာခြင်းတစ်မျိုးပဲမြတ်စွာဘုရားကိုကပ်ချင်တဲ့စေတနာသဒ္ဒါလေးနဲ့မို့မကြီးရေ L Mon Soo သမီးတို့နှစ်ယောက်ဒီလိုပုံလေးဖြစ်လာတာတောင်ကျေးဇူးတင်ရမယ်နော်။

မကြီးကိုလည်းကျေးဇူးတင်တယ်နော်ဝိုင်းကူစဉ်းစားပြီးအတူတူကူထိုးပေးတာမကြီးအကူအညီမပါရင်လည်းဒီလိုမျိုးဖြစ်မလာဘူးဆရာကြီးကိုအားကိုးရတာတွေလည်းအများကြီးပါဆိုပြီးပြောပြထားတာဖြစ်ပါတယ်။ကဲအိမ်ကဘုရားကိုပန်းပလ္လင်နဲ့ပူဇော်လိုက်တဲ့ ပိုးအိအိခန့်ရဲ့ပုံလေးတွေနဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Video ကြည့်ရန်

Credit to Original