သိန်းရာနဲ့ချီတန်ကြေးရှိတဲ့ စိန်တွေ၊ရွှေတွေနဲ့ ကမ္ဘာကျော် Branded ပစ္စည်းတွေကို ရက်ပိုင်းအတွင်းမှာတင် လက်ဆောင်ရခဲ့တဲ့ စွမ်းဇာနည်
ဇာတ်သဘင်လောကမှာနေရာတခုရရှိထားတဲ့ စွမ်းဇာနည်ကတော့ စွမ်းသဘင်ကိုတည်ထောင်ထားပြီး အနယ်နယ်အရပ်ရပ်ကိုကပြဖျော်ဖြေပေးနေတာလည်းဖြစ်ပါတယ်။စွမ်းဇာနည်ကတော့ပရိသတ်ရဲ့အားပေးမှုရပြီး ဗီဒီယိုဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်လာတဲ့ထိအောင်မြင်နေတာပါ။
အခုဆိုရင်စွမ်းဇာနည်ကဇာတ်ပွဲချစ်ကြတဲ့ပရိသတ်တွေကိုဖန်တီးမှုအသစ်တွေခံစားစေနိုင်စေဖို့အတွက်ကြိုးစားပမ်းစားပြင်ဆင်နေတာလည်းဖြစ်ပါတယ်။အမြဲတမ်းဖက်ရှင်ကျကျဝတ်ဆင်ပြီးချောမောခန့်ညားနေတဲ့စွမ်းဇာနည်ကမိန်းကလေးပရိသတ်တွေရဲ့စိတ်ဝင်တစား အားပေးမှုကိုယနေ့အချိန်အထိရရှိနေဆဲလည်း ဖြစ်ပါတယ်။အခုတော့စွမ်းဇာနည်က လက်ဆောင်အနေနဲ့လက်ခံရရှိထားတဲ့သူ့ရဲ့အဖိုးတန်ပစ္စည်းတွေကိုဓာတ်ပုံရိုက်ပြီးထုတ်ပြလိုက်တာဖြစ်ပါတယ်။
စွမ်းဇာနည်ကဒီရက်ပိုင်းရတဲ့လက်ဆောင်လေးတွေပါအရမ်းကြိုက်ပါတယ်ဆိုပြီးပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။စွမ်းဇာနည်ကတော့ စိန်လက်စွပ်နှစ်ကွင်း၊ရွှေလက်စွပ်တစ်ကွင်း၊ LVပုံစံရွှေပစ္စည်းတစ်ခု၊Nike Airmaxဖိနပ်တစ်ရံ၊Chanel Spray၊ Armani Exchangeနာရီတစ်လုံးနဲ့အခြားပစ္စည်းတွေကိုလက်ဆောင်ရရှိလိုက်တာပဲဖြစ်ပါတယ်။ကဲသိန်းရာနဲ့ချီတန်ကြေးရှိတဲ့ပစ္စည်းကောင်းတွေကိုလက်ဆောင်ရလိုက်တဲ့စွမ်းဇာနည်ရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Zawgyi Version
သိန္းရာနဲ႕ခ်ီတန္ေၾကးရွိတဲ့ စိန္ေတြ၊ေ႐ႊေတြနဲ႕ ကမၻာေက်ာ္ Branded ပစၥည္းေတြကို ရက္ပိုင္းအတြင္းမွာတင္ လက္ေဆာင္ရခဲ့တဲ့ စြမ္းဇာနည္
ဇာတ္သဘင္ေလာကမွာ ေနရာတခုရရွိထားတဲ့ စြမ္းဇာနည္ကေတာ့ စြမ္းသဘင္ကိုတည္ေထာင္ထားၿပီး အနယ္နယ္အရပ္ရပ္ကို ကျပေဖ်ာ္ေျဖေပးေနတာလည္းျဖစ္ပါတယ္။စြမ္းဇာနည္ကေတာ့ ပရိသတ္ရဲ႕အားေပးမႈရၿပီး ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္လာတဲ့ထိေအာင္ျမင္ေနတာပါ။
အခုဆိုရင္စြမ္းဇာနည္ကဇာတ္ပြဲခ်စ္ၾကတဲ့ပရိသတ္ေတြကိုဖန္တီးမႈအသစ္ေတြခံစားေစနိုင္ေစဖို႔အတြက္ႀကိဳးစားပမ္းစားျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။အၿမဲတမ္းဖက္ရွင္က်က်ဝတ္ဆင္ၿပီးေခ်ာေမာခန႔္ညားေနတဲ့စြမ္းဇာနည္ကမိန္းကေလးပရိသတ္ေတြရဲ႕စိတ္ဝင္တစား အားေပးမႈကိုယေန႕အခ်ိန္အထိရရွိေနဆဲလည္း ျဖစ္ပါတယ္။အခုေတာ့စြမ္းဇာနည္က လက္ေဆာင္အေနနဲ႕လက္ခံရရွိထားတဲ့သူ႕ရဲ႕အဖိုးတန္ပစၥည္းေတြကိုဓာတ္ပုံရိုက္ၿပီးထုတ္ျပလိုက္တာျဖစ္ပါတယ္။
စြမ္းဇာနည္ကဒီရက္ပိုင္းရတဲ့လက္ေဆာင္ေလးေတြပါအရမ္းႀကိဳက္ပါတယ္ဆိုၿပီးပုံေလးေတြကို တင္ထားတာျဖစ္ပါတယ္။စြမ္းဇာနည္ကေတာ့ စိန္လက္စြပ္ႏွစ္ကြင္း၊ေ႐ႊလက္စြပ္တစ္ကြင္း၊ LV ပုံစံေ႐ႊပစၥည္းတစ္ခု၊Nike Airmaxဖိနပ္တစ္ရံ၊ Chanel Spray၊ Armani Exchangeနာရီတစ္လုံးနဲ႕အျခားပစၥည္းေတြကိုလက္ေဆာင္ရရွိလိုက္တာပဲျဖစ္ပါတယ္။ကဲသိန္းရာနဲ႕ခ်ီတန္ေၾကးရွိတဲ့ပစၥည္းေကာင္းေတြကိုလက္ေဆာင္ရလိုက္တဲ့စြမ္းဇာနည္ရဲ႕ပုံရိပ္ေတြကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Credit to Original