Cele News

အသစ်စက်စက်အိမ်အသစ်လေးမှာ နှစ်သစ်အလှူလေးပြုလုပ်ကုသိုလ်ယူခဲ့တဲ့ အမှတ်တရတွေကိုထုတ်ပြလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

အသစ်စက်စက်အိမ်အသစ်လေးမှာ နှစ်သစ်အလှူလေးပြုလုပ်ကုသိုလ်ယူခဲ့တဲ့ အမှတ်တရတွေကိုထုတ်ပြလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ဇာတ်ပို့ကောင်းတယောက်အနေနဲ့ ပရိသတ်အားပေးလက်ခံမှုရရှိထားတဲ့ နှိုင်းယှဥ်မြင့်မိုရ်ကတော့ ဘယ်လိုဇာတ်ရုပ်မျိုးမှာမဆို ပီပြင်စွာသရုပ်ဆောင်တတ်သူတယောက်ပါ။နှိုင်းယှဥ်တို့စုံတွဲလေးက​တော့ ရိုတ်ကူးရေးတွေရပ်နားထားရတဲ့အချိန်မှာ စိန်ရွှေရတနာတွေနဲ့ တန်ဖိုးကြီးအရာတွေကို live လွှင့်ပြီးရောင်းချပေးနေတာလည်းဖြစ်ပါတယ်။နှိုင်းယှဥ်တို့ကိုချစ်တဲ့ပရိသတ်တွေက အားပေးကြတာကြောင့် အရမ်းကို ရောင်းနေရတာလည်းဖြစ်ပါတယ်။

ပရိသတ်အချစ်တော်လေးနှိုင်းယှဉ်ကတော့ အလှူအတန်းတွေကိုလည်းပြုလုပ်တတ်ပြီးအခုလိုနှစ်သစ်ရက်ပထမဆုံးနေ့ရက်လေးမှာလည်း နေအိမ်လေးမှာမိသားစုတွေနဲ့အတူဆွမ်းကပ်အလှူလေးလှူဒါန်းကုသိုလ်ယူခဲ့တဲ့ပီတိဖြစ်စရာပုံရိပ်လေးတွေကိုဝေမျှလာပါတယ်နော်။မကြာခင်ကမှဝယ်ယူထားတဲ့သူမတို့ရဲ့အသစ်စက်စက်အိမ်လေးမှာချစ်ရတဲ့မိသားစုတွေစုံစုံညီညီနဲ့နှစ်သစ်အလှူလေးအဖြစ် သံဃာတော်တွေကိုဆွမ်းကပ်လှူကာကြည်နူးပီတိဖြစ်စရာအလှူလေးပြုလုပ်ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်နော်။

နှစ်သစ်အစရဲ့အလှူစွန်းလွန်းဂူကျောင်းတိုက်မှ ဆရာတော်ကြီးများအားဆွမ်းကပ်လှူ ဆိုပြီး အလှူကုသိုလ်လေးကိုအမှတ်တရအဖြစ် ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့နှိုင်းယှဉ်က ဝေမျှထားတာပါ။ချစ်ရတဲ့ပရိသတ်တွေကလည်းနှိုင်းယှဉ်တို့မိသားစုလေးရဲ့နှစ်သစ်အလှူပုံရိပ်လေးတွေကို ကြည့်ကာဆုတောင်းစကားလေးတွေနဲ့အတူ အားပေးစကားလေးတွေလည်းပြောထားကြတာ တွေ့ရပါတယ်နော်။


Zawgyi Version





Credit to original