ကိုဗစ်ကာလမှာ ဆွမ်းစားခက်နေတဲ့ဆင်ခြေဖုံးရပ်ကွက်က ဘုန်းကြီးကျောင်းတွေကိုကိုယ်တိုင်သွားပြီးဆွမ်းရိက္ခာများနဲ့ ဝတ္ထုငွေကပ်လှူခဲ့တဲ့ခိုင်သင်းကြည်
ဘယ်လိုဇာတ်ရုပ်မျိုးမှာမဆိုအပီပြင်ဆုံးသရုပ်ဆောင်နိုင်ပြီးပရိသတ်ချစ်ခင်အားပေးကြတဲ့ဝါရင့်မင်းသမီးခိုင်သင်းကြည်ကတော့အကယ်ဒမီထူးချွန်ဆုနှစ်ဆုကိုလည်းထိုက်ထိုက်တန်တန်ရရှိထားပါတယ်။ဒါအပြင်ခိုင်သင်းကြည်ကအနုပညာအမွေကိုလည်းသမီးလေးစံထိပ်ထားဦးကိုလက်ဆင့်ကမ်းထားနိုင်သူတယောက်ပါ။ပရိသတ်တွေကလည်းခိုင်သင်းကြည်နဲ့အတူသမီးလေးစံထိပ်ထားဦးကိုလည်းအားပေးချစ်ခင်နေကြတာပါ။
အလှူရေစက်လက်နဲ့မကွာလှူဒါန်းတဲ့ခိုင်သင်းကြည်ကမနေ့ကဇန်နဝါရီလ(၂)ရက်နေ့မှာလည်းဆင်ခြေဖုံးရပ်ကွက်ကဘုန်းကြီးကျောင်းတွေကိုလိုက်လံလှူဒါန်းခဲ့ကြောင်းအခုလိုပဲပြောလာပါတယ်။ခိုင်သင်းကြည်ကဒီနေ့လက်ဆောင်ရတဲ့ဆီဗူး၊VitaminCအချိုရည်ဗူး၊ကော်ဖီထုပ်တွေကိုကိုယ်တခါမှမရောက်ဖူးသေးတဲ့မြို့ပြင်နားကဘုန်းဘုန်းကျောင်းတွေကိုလိုက်ရှာပြီးလှူဒါန်းခဲ့ပါတယ်ရှင့်၊အလှူငွေ၅သောင်းစီလည်းကပ်လှူပူဇော်ခဲ့ပါတယ် ဆိုပြီးသူမရဲ့အလှူလေးကိုပြောပြလာပါတယ်။
ခိုင်သင်းကြည်ကတော့သူမရဲ့နှစ်သစ်ကိုကောင်းမှုကုသိုလ်တွေကိုပြုလုပ်ရင်းဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းခိုင်သင်းကြည်တို့မိသားစုရဲကုသိုလ်လေးကိုဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi Version
ကိုဗစ္ကာလမွာ ဆြမ္းစားခက္ေနတဲ့ဆင္ေျခဖုံးရပ္ကြက္က ဘုန္းႀကီးေက်ာင္းေတြကို ကိုယ္တိုင္သြားၿပီး ဆြမ္းရိကၡာမ်ားနဲ႕ ဝတၳဳေငြကပ္လႉခဲ့တဲ့ ခိုင္သင္းၾကည္
ဘယ္လိုဇာတ္႐ုပ္မ်ိဳးမွာမဆို အပီျပင္ဆုံးသ႐ုပ္ေဆာင္နိုင္ၿပီး ပရိသတ္ခ်စ္ခင္အားေပးၾကတဲ့ ဝါရင့္မင္းသမီးခိုင္သင္းၾကည္ကေတာ့ အကယ္ဒမီထူးခြၽန္ဆုႏွစ္ဆုကိုလည္းထိုက္ထိုက္တန္တန္ရရွိထားပါတယ္။ဒါအျပင္ခိုင္သင္းၾကည္က အႏုပညာအေမြကိုလည္း သမီးေလး စံထိပ္ထားဦးကိုလက္ဆင့္ကမ္းထားနိုင္သူတေယာက္ပါ။ပရိသတ္ေတြကလည္း ခိုင္သင္းၾကည္နဲ႕အတူသမီးေလးစံထိပ္ထားဦးကိုလည္းအားေပးခ်စ္ခင္ေနၾကတာပါ။
အလႉေရစက္လက္နဲ႕မကြာလႉဒါန္းတဲ့ခိုင္သင္းၾကည္ကမေန႕ကဇန္နဝါရီလ(၂)ရက္ေန႕မွာလည္း ဆင္ေျခဖုံးရပ္ကြက္ကဘုန္းႀကီးေက်ာင္းေတြကို လိုက္လံလႉဒါန္းခဲ့ေၾကာင္းအခုလိုပဲေျပာလာပါတယ္။ခိုင္သင္းၾကည္ကဒီေန႕လက္ေဆာင္ရတဲ့ဆီဗူး၊VitaminCအခ်ိဳရည္ဗူး၊ေကာ္ဖီထုပ္ေတြကို ကိုယ္တခါမွမေရာက္ဖူးေသးတဲ့ၿမိဳ႕ျပင္နားက ဘုန္းဘုန္းေက်ာင္းေတြကိုလိုက္ရွာၿပီးလႉဒါန္းခဲ့ပါတယ္ရွင့္၊အလႉေငြ၅ေသာင္းစီလည္းကပ္လႉပူေဇာ္ခဲ့ပါတယ္ ဆိုၿပီးသူမရဲ႕အလႉေလးကို ေျပာျပလာပါတယ္။
ခိုင္သင္းၾကည္ကေတာ့သူမရဲ႕ႏွစ္သစ္ကို ေကာင္းမႈကုသိုလ္ေတြကိုျပဳလုပ္ရင္းျဖတ္သန္းခဲ့တာပဲျဖစ္ပါတယ္။ပရိသတ္ႀကီးလည္းခိုင္သင္းၾကည္တို႔မိသားစုရဲကုသိုလ္ေလးကိုဝမ္းေျမာက္စြာသာဓုေခၚဆိုေပးၾကပါဦးေနာ္။
Credit to Original