Cele News

ပရဟိတအလုပ်တွေလုပ်ကိုင်ရင်း ကံအကျိုးပေးလို့ (၄)ကြိမ်ဆက်တိုက် ထီပေါက်ခဲ့တဲ့ ဒိန်းဒေါင်

ပရဟိတအလုပ်တွေလုပ်ကိုင်ရင်း ကံအကျိုးပေးလို့ (၄)ကြိမ်ဆက်တိုက်ထီပေါက်ခဲ့တဲ့ဒိန်းဒေါင်

ပြည်သူချစ်ဟာသလူရွှင်တော်သရုပ်ဆောင်ဦးဒိန်းဒေါင်ကတော့ဟာဟညဏ်ရွှင်ပြီးဘက်စုံတော်တဲ့အနုပညာရှင်တယောက်ပါ။ရုပ်ရှင်နဲ့ဗီဒီယိုဇတ်ကားပေါင်းများစွာရိုတ်ကူးခဲ့ပြီးပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့သူတယောက်ပါ။အခုလိုကိုဗစ်ကာလမှာတော့ဒိန်းဒေါင်က ဟာသလူရွှင်တော်တွေနဲ့စုပေါင်းပြီးချွန်တွန်းပရဟိတအဖွဲ့ကိုထူထောင်ပြီးလိုအပ်တဲ့နေရာတွေမှာတတ်စွမ်းသ၍လှူဒါန်းမှုတွေပြုလုက်ပေးနေတာပါ။


အခုလိုလှူဒါန်းကူညီနေတဲ့ဒိန်းဒေါင်ကိုပရိသတ်တွေကအရင်ကထက်အများကြီးပိုပြီးလေးစားချစ်ခင်နေကြတာလည်းတွေ့ရပါတယ်။ကောင်းတာတွေလုပ်လို့တူသောအကျိုးပေးတယ်လို့ဆိုရမလားမကြာသေးမီကမှလေဖြတ်နေတဲ့ထီသည်ဆီကသနားလို့အားပေးခဲ့တဲ့ထီလက်မှတ်(၂)စောင်က(၅)သောင်းဆုနှစ်ခုပေါက်ခဲ့ပြီး လတ်တလောမှာလည်းလေးကြိမ်ဆက်တိုက်ထီပေါက်တယ်စေတနာပေါ့ဆိုတဲ့စာသားလေးနဲ့(၄)ကြိမ်မြောက်ထီပေါက်ခဲ့တဲ့အကြောင်းပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။


ပရိသတ်တွေကတော့ပရဟိတအလုပ်တွေလုပ်ဆောင်နေတဲ့ဒိန်းဒေါင်အတွက်အခုလိုကံထူးတာကိုဝမ်းသာနေကြပြီးဒီထက်မကကံကောင်းပြီးပရဟိတအလုပ်တွေအများကြီးလုပ်ဆောင်နိုင်ပါစေဆိုတဲ့ဆုမွန်ကောင်းတွေပေးခဲ့ကြပါတယ်။


Zawgyi Version




Credit to Original