Cele News
နိုင်ငံတော်ကချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို သူငယ်ချင်းခန့်စည်သူရရှိခဲ့လို့ အရမ်းဂုဏ်ယူဝမ်းသာနေတဲ့ နန္ဒာလှိုင်
နိုင်ငံတော်ကချီးမြှင့်တဲ့သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို သူငယ်ချင်းခန့်စည်သူရရှိခဲ့လို့အရမ်းဂုဏ်ယူဝမ်းသာနေတဲ့နန္ဒာလှိုင်
ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့နန္ဒာလှိုင်နဲ့ခန့်စည်သူတို့ကတော့တစ်ခေတ်တစ်ခါကရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အတွဲတွဲညီညီသရုပ်ဆောင်ခဲ့ပြီးပရိသတ်အားပေးမှုရရှိခဲ့တာဘဲဖြစ်ပါတယ်။ဒါအပြင်နှစ်ယောက်လုံးအကယ်ဒမီဆုကြီးတွေလည်းအသီးသီးရရရှိထားကြပါတယ်။
နန္ဒာလှိုင်ကအခုချိန်မှာဆိုရင်အနုပညာအလုပ်တွေမလုပ်ကိုင်တော့ဘဲမိသားစုကိုသာစောင့်ရှောက်ပြီးစီးပွားရေးတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့မိသားစုဘဝလေးကသာယာအေးချမ်းပြီးသမီးသုံးယောက်လည်းရှိလို့စိုပြေတဲ့မိသားစုလေးဖြစ်ပါတယ်နော်။နန္ဒာလှိုင်ကအလှူအတန်းတွေအရမ်းရက်ရောလို့ နိုင်ငံတော်ကချီးမြှင့်တဲ့သီရိသုဓမ္မသိင်္ဂီဘွဲ့ကိုရရှိထားတာဖြစ်ပါတယ်။ခန့်စည်သူနဲ့နန္ဒာလှိုင်တို့နှစ်ယောက်ကတော့အခုချိန်ထိတိုင်ရင်းနှီးခင်မင်နေကြဆဲဖြစ်တဲ့သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်နော်။
အကယ်ဒမီခန့်စည်သူကလည်းအလှူအတန်းအရမ်းရက်ရောတာကြောင့်နေ့ရက်တိုင်းကိုအလှူရေစက်လက်နဲ့မကွာဘဲလိုအပ်တဲ့နေရာတွေကိုအမြဲလှူဒါန်းနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ခန့်စည်သူကနိုင်ငံတော်ကချီးမြှင့်တဲ့သီရိသုဓမ္မမဏိဇောတဓရဆိုတဲ့ဘွဲ့ကိုရရှိခဲ့တာဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ဘွဲ့ရရှိသွားတဲ့သူငယ်ချင်းခန့်စည်သူအတွက်ထပ်တူဂုဏ်ယူနေမိလို့သူမရဲ့ဖေ့ဘုတ်စ်မှာCongratulationsကိုခန့်ဆိုပြီး သတိတရနဲ့ဝမ်းသာကြောင်းလေးရေးသားထားတာဖြစ်ပါတယ်နော်။
Zawgyi Version
Credit to Original