မြောက်ဒဂုံမှာလာရောက်စွန့်ပစ်သွားတဲ့ မွေးကင်းစကလေးလေးကိုထပ်မံမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ
ပရိသတ်တွေချစ်ခင်အားပေးကြတဲ့သရုပ်ဆောင်ခိုင်နှင်းဝေကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေယုံသာမကပရဟိတလုပ်ငန်းတွေလည်းဦးဆောင်ပြီးလုပ်နေသူတစ်ယောက်ပါ။ခိုင်နှင်းဝေကတော့ခိုင်မိသားစုဂေဟာကိုထူထောင်ထားပြီးအကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခဲ့ရတဲမိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးနေတာဘဲဖြစ်ပါတယ်။
လတ်တလောမှာလည်းအစွန့်ပစ်ခံသားလေးတစ်ယောက်ကိုသူမရဲ့(၄၃)ယောက်မြောက်ကလေးအဖြစ်ထပ်မံမွေးစားလိုက်ကြောင်းပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။သားလေးတစ်ယောက်စွန့်ပစ်သွားပြန်ပီရှင်။မြောက်ဒဂုံစွယ်တော်ဖူးလမ်း(၄၈)ရပ်ကွက်မှာမွေးကာစ သားလေးကိုမိုးစက်လူမှုကူညီရေးအသင်းမှ ကျွန်မဆီဆက်သွယ်အကြောင်းကြားလာပါတယ်ဆေးရုံမှပတ်ပေးထားတဲ့အပတ်လေးမှာအဖေနာမည်ရောအမေနာမည်ရောပါတဲ့အတွက်စိတ်မကောင်းအရမ်းဖြစ်မိရင်းကျွန်မတို့ခိုင်မိသားစုရဲ့(၄၃)ယောက်မြောက်သားလေးကိုထပ်မံခေါ်ယူစောင့်ရှောက်ရပါဦးမယ်ရှင်ဆိုတဲ့စာသားလေးနဲ့အတူကလေးငယ်လေးရဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ် ။
ပရိသတ်တွေကတော့ကိုယ်ချင်စာတရားနဲ့ခုလိုခေါ်ယူမွေးစားပေးခဲ့တဲ့ခိုင်နှင်းဝေကိုလေးစားကြောင်းနဲ့လူတိုင်းမလုပ်နိုင်တဲ့အလုပ်ကို ကြိုးစားလုပ်ဆောင်နိုင်တဲ့အတွက်ဒီထက်မကအလှူရှင်တွေအများကြီးပေါ်ပေါက်ပါစေဆိုတဲ့ဆုမွန်ကောင်းလေးတွေပေးခဲ့ကြပါတယ်။ခိုင်မိသားစုဂေဟာကထပ်မံမွေးစားခဲ့တဲ့(၄၃)ယောက်မြောက်ကလေးငယ်လေးရဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Zawgyi Version
Credit to Original