Cele News

သူ့အတွက်အင်္ကျီဝယ်လာပေးတဲ့ ကလေးမလေးပျော်သွားအောင် ငါးထောင်အုပ်ဆွဲယူပြီး မုန့်ဖိုးတွေရက်ရက်ရောရောပေးလိုက်တဲ့ ဒိန်းဒေါင်ရဲ့ဗီဒီယို

သူ့အတွက်အင်္ကျီဝယ်လာပေးတဲ့ကလေးမလေးပျော်သွားအောင်ငါးထောင်အုပ်ဆွဲယူပြီးမုန့်ဖိုးတွေရက်ရက်ရောရောပေးလိုက်တဲ့ဒိန်းဒေါင်ရဲ့ဗီဒီယို

ပြည်သူချစ်ဟာသလူရွှင်တော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင်ကတော့ ဟာသညဏ်ရွှင်ပြီး ပရိသတ်ကိုဝက်ဝက်ကွဲရီမော်ပျော်ရွင်အောင်လုပ်နိုင်သူပါ။အနုပညာအလုပ်တွေကိုနှစ်နဲ့ချီကြာအောင်လုပ်ကိုင်ခဲ့တဲ့ဒိန်းဒေါင်ကပရဟိတစိတ်ဓာတ်အပြည့်ရှိသူတစ်ဦးဆိုရင်လည်းမမှားပါဘူးနော်။


ဒိန်းဒေါင်ကချွန်တွန်းပရဟိတအဖွဲ့ကိုဦးဆောင်ပြီးဆင်းရဲချို့တဲ့စွာနေထိုင်စားသောက်နေတဲ့သူတွေကိုစိတ်ရင်းအမှန်နဲ့ကူညီပေးနေတာဖြစ်ပါတယ်။ဒါ့အပြင်ဒိန်းဒေါင်တို့ပရဟိတအဖွဲ့ကကလေးမွေးဖွားရန်အကူအညီလိုအပ်နေတဲ့ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်းအစစအရာရာလိုက်လံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။အခုလည်းဒိန်းဒေါင်ကသူ့အတွက်ဆိုပြီးအင်္ကျီလက်ဆောင်ဝယ်လာပေးတဲ့ကလေးမလေးကိုမုန့်ဖိုးတွေပြန်ပေးခဲ့တာဖြစ်ပါတယ် ။


ဒိန်းဒေါင်ကကလေးမလေးနဲ့စကားတွေပြောရင်း ရယ်မောနေသလိုသူမတောင်းသလောက်မုန့်ဖိုးကိုလည်းရက်ရက်ရောရောထုတ်ပေးခဲ့တာဖြစ်ပါတယ်။ကြည်နူးပီတိဖြစ်စရာကောင်းတဲ့ဒီမြင်ကွင်းလေးကိုချွန်တွန်းပရဟိတအဖွဲ့ဝင်ဖြစ်တဲ့လူရွှင်တော်ချက်ကြီးကဗီဒီယိုလေးရိုက်ကူးပြီးတင်ပေးထားတာဖြစ်ပါတယ်။ကဲစိတ်ကောင်းစေတနာကောင်းရှိတဲ့ဒိန်းဒေါင်ရဲ့လေးစားချင်စရာကောင်းတဲ့အပြုအမူလေးကိုပရိသတ်တွေကြည့်ရှုနိုင်စေဖို့ဗီဒီယိုလေးနဲ့အတူပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Zawgyi Version

ျပည္သူခ်စ္ဟာသလူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ဒိန္းေဒါင္ကေတာ့ ဟာသညဏ္႐ႊင္ၿပီး ပရိသတ္ကိုဝက္ဝက္ကြဲရီေမာ္ေပ်ာ္႐ြင္ေအာင္လုပ္နိုင္သူပါ။အႏုပညာအလုပ္ေတြကို ႏွစ္နဲ႕ခ်ီၾကာေအာင္လုပ္ကိုင္ခဲ့တဲ့ဒိန္းေဒါင္က ပရဟိတစိတ္ဓာတ္အျပည့္ရွိသူတစ္ဦးဆိုရင္လည္းမမွားပါဘူးေနာ္။

ဒိန္းေဒါင္ကခြၽန္တြန္းပရဟိတအဖြဲ႕ကိုဦးေဆာင္ၿပီးဆင္းရဲခ်ိဳ႕တဲ့စြာေနထိုင္စားေသာက္ေနတဲ့သူေတြကိုစိတ္ရင္းအမွန္နဲ႕ကူညီေပးေနတာျဖစ္ပါတယ္။ဒါ့အျပင္ဒိန္းေဒါင္တို႔ပရဟိတအဖြဲ႕က ကေလးေမြးဖြားရန္အကူအညီလိုအပ္ေနတဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြအတြက္လည္း အစစအရာရာလိုက္လံေဆာင္႐ြက္ေပးေနတာ ျဖစ္ပါတယ္။အခုဒိန္းေဒါင္ကကေလးမေလးနဲ႕စကားေတြေျပာရင္း ရယ္ေမာေနသလိုသူမေတာင္းသေလာက္မုန့္ဖိုးကိုလည္းရက္ရက္ေရာေရာထုတ္ေပးခဲ့တာျဖစ္ပါတယ္။

 

Credit to Original