Cele News

ချစ်သူက မွေးနေ့ပွဲလေးကို ခမ်းခမ်းနားနားကျင်းပပေးပြီး ရွှေထည်တွေအပြင် တန်ဖိုးကြီးပစ္စည်းတွေကိုပါ လက်ဆောင်ရခဲ့တဲ့ ဇေရဲထက်

ချစ်သူက မွေးနေ့ပွဲလေးကို ခမ်းခမ်းနားနားကျင်းပပေးပြီး ရွှေထည်တွေအပြင်တန်ဖိုးကြီးပစ္စည်းတွေကိုပါ လက်ဆောင်ရခဲ့တဲ့ဇေရဲထက်

နှာခမ်းနီမလေးတွေအသည်းစွဲအားပေးကြတဲ့မင်းသားချောဇေရဲထက်ကတော့ကိုယ်ဒူးကိုယ်ချွန်ပြီးအနုပညာလောကထဲမှာကြိုးစားမှုနဲအတူအောင်မြင်ခဲ့တဲ့မင်းသားတလက်ပါ။ဇေရဲထက်ကဗီဒီယိုဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲ့ပြီးပရိသတ်ရဲအားပေးမှုအများအပြားရရှိခဲ့တာဘဲဖြစ်ပါတယ်။မင်းသားချောလေးဇေရဲထက်က ပွင့်လင်းရိုးသားပြီးမာန်မာနမကြီးတတ်ဘဲလူတိုင်းအပေါ်ဖော်ရွေစွာဆက်ဆံတတ်ပါတယ်။


ဇေရဲထက်ရဲရိုးရိုးသားသားစိတ်ဓာတ်လေးကြောင့်လူတိုင်းကချစ်ခင်ကြပြီးသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုလည်းစောင့်ကြည့်ကာတစိုက်မက်မက်အားပေးနေကြတာဖြစ်ပါတယ်။ဇေရဲထက်ကတတ်နိုင်သလောက်လည်းလှူဒါန်းပေးကမ်းပြီးအဘွားဖြစ်သူကိုလည်းတင့်တောင်းတင့်တယ်ထားပေးတာဖြစ်ပါတယ်နော်။ဇေရဲထက်ကအခုလတ်တလောမှာဆိုရင်တော့အထက်မြန်မာပြည်ကိုရောက်ရှိနေတာဖြစ်လို့သူ့ရဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့ဆုံပြီးပြီးခဲ့တဲ့မွေးနေ့ပွဲလေးကိုကျင်းပခဲ့တာဖြစ်ပါတယ်။


ဇေရဲထက်အတွက်ချစ်သူ၊ခင်သူတွေကလည်းမွေးနေ့ပွဲလေးကိုလူနည်းနည်းနဲ့ခမ်းခမ်းနားနားကျင်းပပေးခဲ့ပြီးsurprise‌တွေလည်းလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဇေရဲထက်ကတော့ ရွှေလက်ကောက်၊ရွှေဆွဲကြိုးအပြင်CHANEL၊ck၊LVစတဲ့သိန်းချီတန်သောတန်ဖိုးကြီးပစ္စည်းတွေကိုလည်းလက်ဆောင်ရခဲ့တာဖြစ်ပါတယ်နော်။ချစ်သူခင်သူတွေပေါလွန်းလို့ပျော်ရွှင်မှုအစစ်အမှန်တွေနဲ့သာကြုံတွေ့ခဲ့ရပြီးမွေးနေ့ပွဲလေးမှာအရမ်းပျော်ရွှင်နေတဲ့ဇေရဲထက်ရဲ့ပုံရိပ်လေးတွေကိုချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Zawgyi Version



Credit