Cele News

သနားစရာကောင်းတဲ့ မသန်စွမ်း ကလေးမလေးကို ဖုန်းလက်ဆောင်သွားပေးကာ ပျော်ရွှင်နေတာလေးကိုကြည့်ပြီး ကြည်နူးခဲ့ရတဲ့ ဒိန်းဒေါင်ရဲ့ ဗီဒီယို

သနားစရာကောင်းတဲ့ မသန်စွမ်း ကလေးမလေးကို ဖုန်းလက်ဆောင်သွားပေးကာ ပျော်ရွှင်နေတာလေးကိုကြည့်ပြီး ကြည်နူးခဲ့ရတဲ့ ဒိန်းဒေါင်ရဲ့ ဗီဒီယို

ပြည်သူချစ်ဟာသလူရွှင်တော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ဒိန်းဒေါင်ကတော့ဟာသညဏ်ရွှင်ပြီး ပရိသတ်တွေကိုရီမော်ပျော်ရွှင်အောင်လုပ်နိုင်သူပါ။ဒိန်းဒေါင်ကတော့အဲလိုလိုကိုဗစ်ကာလမှာချွန်တွန်းပရဟိတအဖွဲ့ကိုထူထောင်ထားပြီးလိုအပ်တဲ့နေရာတွေကိုလှူဒါန်းမှုတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။


သူတို့ရဲ့အသင်းလေးကတော့ပြည်တွင်းပြည်ပမှ လှူဒါန်းချင်ကြတဲ့အလှူရှင်တွေကိုယ်စားစားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့သူတွေကိုလိုအပ်တာလေးတွေကာယဒါနအနေနဲ့လှူဒါန်းပေးနေတဲ့အသင်းလေးပဲဖြစ်ပါတယ်။ဒါ့အပြင်သူတို့အသင်းရဲ့လှူဒါန်းမှုတွေကိုလည်း မကြာခဏဆိုသလိုပရိသတ်တွေကြည်နူးစေအောင်ဖော်ပြပေးပါတယ်။ယခုတစ်ခါမှာလည်းဒိန်းဒေါင်ကကြည့်မိသူတိုင်မျက်ရည်ကျမတက်ကြည်နူးစေလောက်မယ့်ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတယ်။


ဒီဗီဒီယိုလေးကတော့အလှူရှင်ရဲကိုယ်စားမသန်စွမ်းဖြစ်နေတဲ့မိန်းကလေးတစ်ယောက်ကိုဖုန်းလက်ဆောင်ပေးလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုလေးနဲ့လည်းဒိန်းဒေါင်က အေးငြိမ်းသူ(ခ)ဖြူဖြူကျော်သိန်းဖုန်းရလို့ပျော်နေဆိုပြီးရေးသားထားပါတယ်။ပရိသတ်တွေလည်းဒိန်းဒေါင်ရဲ့ကြည်နူးစရာကောင်းတဲ့ဗီဒီယိုလေးကိုသဘောကျမယ်လို့မျှော်လင့်မိပါတယ်။

Video ကြည့်ရန်

Zawgyi Version






Credit