Cele News
ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေးမှာ ချစ်သူလေးနဲ့စုံတွဲပုံရိပ်တွေကို ပရိသတ်တွေဆီအလင်းပြလာတဲ့ ရေမွန်
ချစ်သူသက်တမ်း(၁)နှစ်ပြည့်နေ့လေးမှာချစ်သူလေးနဲ့စုံတွဲပုံရိပ်တွေကိုပရိသတ်တွေဆီအလင်းပြလာတဲ့ရေမွန်
လူငယ်ပရိသတ်တွေရဲ့အားပေးမှုတခဲနက်ရရှိထားတဲ့ Idiots Band ရဲ့ပင်တိိုင်အဆိုတော်ဖြစ်တဲ့ရေမွန်ကတော့သီချင်းကောင်းတွေကို ကိုယ်တိုင်ခံစားပြီးသီဆိုတတ်သူတစ်ယောက်ပါ။ကိုယ်ပိုင်အမ်ဘမ်တွေလည်းထွက်ရှိထားပြီးပရိသတ်အားပေးမှုအပြည့်အဝရရှိထားတာဘဲဖြစ်ပါတယ်။လက်ရှိမှာလည်းရေမွန်ကသူ့ရဲ့ Idiots Bandနဲ့အတူတူသီချင်းသစ်တွေကိုဆက်လက်ဖန်တီးရင်းဂီတလမ်းကြောင်းမှာအောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေဆဲဖြစ်ပါတယ်။
လူငယ်တစ်ယောက်ပီပီလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ရေမွန်ကဒီကနေ့မှာတော့သူ့ရဲချစ်သူမိန်းကလေးနဲ့ချစ်သူသက်တမ်း(၁)နှစ်ပြည့်နေ့လေးမှာပရိသတ်ကိုသူ့ရဲ့အချစ်ရေးနဲ့ပက်သတ်ပြီးချပြလာခဲ့ပါပြီ။ရေမွန်ကသူ့ရဲ့ချစ်သူမိန်းကလေးကိုHappy 1 Year Anniversaryပါဘေဘီကိုယ်တို့ဒီလောက်ကြာကြာတွဲနေခဲ့တာမယုံနိုင်ဘူး။ဒါပေမယ့်တို့နှစ်ယောက်အတူတူအမှတ်တရကောင်းတွေအများကြီးဖန်တီးနိုင်ခဲ့တယ်။ကိုယ်နဲ့အတူရှိနေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးသူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့်ချစ်စကားဆိုလာတာပဲဖြစ်ပါတယ်။
ရေမွန်ကတော့ချစ်သူသက်တမ်း(၁)နှစ်ပြည့်နေ့လေးမှာသူ့ရဲ့မိန်းကလေးကိုလူသိရှင်ကြားမိတ်ဆက်ပေးလာတာပဲဖြစ်ပါတယ်။ရေမွန်တို့ချစ်သူနှစ်ဦးချစ်သက်တမ်း(၁)နှစ်ပြည့်မှသည်နောက်နှစ်တွေများစွာတိုင်ထာဝရလက်တွဲနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi version
Credit