Cele News

ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့ (၇) ရက်သားသမီးတွေကိုရည်စူးပြီး ဂေဟာကသားသမီးတွေနဲ့အတူတူ နှစ်ဦးဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့(၇)ရက်သားသမီးတွေကိုရည်စူးပြီးဂေဟာကသားသမီးတွေနဲ့အတူတူ နှစ်ဦးဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးခိုင်နှင်းဝေကတော့ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်ပြီး အနုပညာအရည်အချင်းပြည့်ဝတဲ့သူတစ်ယောက်ပါ။ဒါအပြင် ခိုင်နှင်းဝေကပရဟိတစိတ်လည်းပြည့်ဝသူတစ်ယောက်ပါ။ခိုင်နှင်းဝေက ခိုင်မိသားစုဂေဟာကိုထူထောင်ထားပြီးအကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်သွားတဲ့ကလေးတွေကိုစွန့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်


စိတ်ထားလေးကောင်းသလိုအလှူရေစက်လက်နဲ့မကွာလှူဒါန်းတတ်တဲ့ခိုင်နှင်းဝေကဒီကနေ့မှာလည်းသူမရဲ့ဂေဟာကသားသမီးတွေနဲ့အတူတူ ရေစက်ချအလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်းပြောလာပါတယ်။ခိုင်နှင်းဝေကဘဝတပါးကူးပြောင်းသွားသောခုနှစ်ရက်သားသမီးအလှူရှင်များအားရည်စူး၍သံဃာအပါး (၂၀၀)အားဆွမ်း၊ခဲဘွယ်၊အလှုငွေများကပ်လှုပူဇော်ခြင်းကိုကျမတို့ခိုင်မိသားစုနှင့်ခုနှစ်ရက်သားသမီးအလှူရှင်များမှနှစ်ဦးအလှူအဖြစ်ရေစက်ချလှူဒါန်းကုသိုလ်ယူအမျှဝေခဲ့ပါတယ်ရှင်ဆိုပြီးသူမတို့မိသားစုရဲ့ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။


ခိုင်နှင်းဝေကတော့သူမရဲဂေဟာကကလေးတွေနဲ့အတူတူအလှူလုပ်ရေစက်ချခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်းခိုင်နှင်းဝေတို့မိသားစုရဲ့နှစ်ဦးအလှူလေးကိုထပ်တူသာဓုခေါ်ဆိုပေးကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi Version

ဘဝတစ္ပါးသို႔ကူးေျပာင္းသြားတဲ့ (၇) ရက္သားသမီးေတြကိုရည္စူးၿပီး ေဂဟာကသားသမီးေတြနဲ႕အတူတူ ႏွစ္ဦးဆြမ္းကပ္အလႉေလးျပဳလုပ္ခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့ မင္းသမီးခိုင္ႏွင္းေဝကေတာ့ က်ရာဇာတ္႐ုပ္မွာပီျပင္စြာသ႐ုပ္ေဆာင္နိုင္ၿပီး အႏုပညာအရည္အခ်င္းျပည့္ဝတဲ့သူတစ္ေယာက္ပါ။ဒါအျပင္ ခိုင္ႏွင္းေဝက ပရဟိတစိတ္လည္းျပည့္ဝသူတစ္ေယာက္ပါ။ခိုင္ႏွင္းေဝက ခိုင္မိသားစုေဂဟာကိုထူေထာင္ထားၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္စြန့္ပစ္သြားတဲ့ ကေလးေတြကို စြန့္ေရွာက္ေပးေနတာလည္းျဖစ္ပါတယ္။

ခိုင္ႏွင္းေဝကဘဝတပါး ကူးေျပာင္းသြားေသာခုႏွစ္ရက္သားသမီးအလႉရွင္မ်ားအားရည္စူး၍သံဃာအပါး (၂၀၀)အားဆြမ္း၊ခဲဘြယ္၊အလႈေငြမ်ားကပ္လႈ ပူေဇာ္ျခင္းကိုက်မတို႔ခိုင္မိသားစုႏွင့္ခုႏွစ္ရက္ သားသမီးအလႉရွင္မ်ားမွႏွစ္ဦးအလႉအျဖစ္ ေရစက္ခ်လႉဒါန္းကုသိုလ္ယူအမွ်ေဝခဲ့ပါတယ္ ရွင္ဆိုၿပီးသူမတို႔မိသားစုရဲ႕ကုသိုလ္ေလးကို မွ်ေဝေပးလာပါတယ္။

ခိုင္ႏွင္းေဝကေတာ့သူမရဲေဂဟာကကေလးေတြနဲ႕အတူတူအလႉလုပ္ေရစက္ခ်ခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္းခိုင္ႏွင္းေဝတို႔မိသားစုရဲ႕ႏွစ္ဦးအလႉေလးကိုထပ္တူသာဓုေခၚဆိုေပးၾကပါဦးေနာ္။

Credit