Cele News

မိဘနှစ်ပါးနဲ့အတူတူ အောင်ဇမ္ဗူတောရဘုန်းကြီးကျောင်းမှာ တနေ့တာကို အေးချမ်းမှုတွေနဲ့ဖြတ်သန်းခဲ့တဲ့ ကျော်ထက်ဇော်

မိဘနှစ်ပါးနဲ့အတူတူ အောင်ဇမ္ဗူတောရဘုန်းကြီးကျောင်းမှာတနေ့တာကိုအေးချမ်းမှုတွေနဲ့ဖြတ်သန်းခဲ့တဲ့ကျော်ထက်ဇော်

MRTV 4 မင်းသားတစ်လက်ဖြစ်တဲ့ကျော်ထက်ဇော်ကတော့ အနုပညာအရည်အချင်းပြည့်ဝပြီး ဇာတ်လမ်းတွဲတွေမှာ မတူညီတဲ့ဇာတ်ရုပ်တွေနဲ့ပီပြင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။ဒါအပြင် ကျော်ထက်ဇော်ကယောက်ကျားပီသပြီးခံ့ညားတဲ့သူတစ်ယောက်ဖြစ်တာကြောင့်မိန်းကလေးပရိသတ်တွေရဲ့အသည်းစွဲအားပေးမှုကိုရရှိနေသူတစ်ယောက်ပါ။

လူငယ်တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးနဲ့ ကုသိုလ်ရေးကို အမြဲမပြတ်ပြုလုပ်နေတဲ့ကျော်ထက်ဇော်က အလှူအတန်းတွေနဲ့တကွကုသိုလ်ရေးတွေကိုလည်း မကြာခဏပြုလုပ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ မနေ့ကဇန်နဝါရီလ(၁၀)ရက်နေ့မှာလည်းကျော်ထက်ဇော်က သူ့ရဲ့ မိဘနှစ်ပါးနဲ့အတူတူ မှော်ဘီမြို့က အောင်ဇမ္ဗူတောရဘုန်းကြီးကျောင်းမှာတစ်နေ့တာာအေးချမ်းမှုတွေနဲ့ ဖြတ်သန်းခဲ့တယ်ဆိုပြီးသူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာပြောလာပါတယ်။

ကျော်ထက်ဇော်ကတော့အလုပ်တွေနားတဲ့ တစ်နေ့တာမှာဘုရားရိပ်၊တရားရိပ်ခိုလှုံပြီး အေးချမ်းတဲ့အချိန်ခဏလေးဖန်တီးခဲ့တာဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်သလိုဘာသာရေးကိုလည်းအချိန်ပေးလုပ်ကိုင်နိုင်တဲ့ကျော်ထက်ဇော်ကတော့တကယ့်ကို လေးစားစရာပါပဲ။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit