(၁၀)နှစ်ပြည့်မွေးနေ့လေးမှာဘွားဘွားဆီကနေသိန်းချီတန်တဲ့လည်ဆွဲကြီးကိုလက်ဆောင်ရလိုက်လို့အရမ်းပျော်သွားခဲ့ရတဲ့ စစ်လွန်းဝတီထက်
ဒီနေ့လေးကတော့ ပရိသတ်တွေချစ်ခင်အားပေးရဲ့သမီးလေးစစ်လွန်းဝတီထက်ရဲ့မွေးနေ့လေးဘဲဖြစ်ပါတယ်။သမီးလေးရဲ့ ဖခင်ဖြစ်တဲ့ စိုင်းလွှမ်းကလည်း သမီးလေးရဲ့အနာဂတ်လှပဖို့အတွက် အလုပ်တွေအရမ်းကြိုးစားတဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။စိုင်းလွှမ်းတို့သားအဖနှစ်ယောက်ကအပြန်အလှန်မေတ္တာတွေပေးရင်းဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေကြတာဖြစ်ပါတယ်။
စိုင်းလွှမ်းကသမီးလေးစစ်လွန်းဝတီထက်ကို သေချာဆုံးမသင်ကြားပေးတာကြောင့်ကလေးလေးကလည်းလိမ္မာရေးခြားအပြည့်ရှိပါတယ်နော်။စစ်လွန်းဝတီထက်လေးကဖေဖေ့ကို တတ်နိုင်သလောက်ကူညီပေးပြီးအမြဲစိတ်ချမ်းသာအောင်ထားပေးတာဖြစ်ပါတယ်။စစ်လွန်းလေးကတော့တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီဖြစ်လို့အရမ်းချစ်စရာကောင်းလာပြီးဖေဖေနဲ့ချွတ်စွပ်တူတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့စစ်လွန်းတို့သားအဖနှစ်ယောက်လုံးကိုအရမ်းချစ်ကြလို့အမြဲအားပေးနေကြတာဖြစ်ပါတယ်။
ဒီနေ့လေးမှာဆိုရင်တော့စစ်လွန်းဝတီထက်လေးက(၁၀)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်နော်။စစ်လွန်းလေးကသူ့ရဲ့(၁၀)နှစ်ပြည့်မွေးနေ့လေးမှာ ဖေဖေ၊ဘိုးဘိုး၊ဘွားဘွားတို့နဲ့ပျော်ရွှင်စွာဖြတ်သန်းခဲ့တာဖြစ်ပါတယ်။စစ်လွန်းဝတီထက်ကတော့ဘွားဘွားဆီကနေတန်ဖိုးကြီးလည်ဆွဲတစ်ခုကိုလက်ဆောင်ရလိုက်လို့အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။စိုင်းလွှမ်းကလည်း လက်ဆောင်ရလို့အရမ်းပျော်ရွှင်နေတဲ့သမီးလေးကိုကြည့်ပြီးပီတိဖြစ်လွန်းလို့ပုံရိပ်လေးကိုမျှဝေလာခဲ့တာဖြစ်ပါတယ်နော်။
Zawgyi Version
Credit